အခုခေတ်ကြီးထဲမှာ စမတ်ဖုန်းနဲ့ သီချင်းနားမထောင်တဲ့သူမရှိမလောက်ပါပဲ။ ဖုန်းတစ်လုံနဲ့ Earphone တစ်ခုရှိနေရင် ကားစီးရင်းပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် သီချင်းတွေထဲ စီးမျောရတဲ့ခံစားမှုကအကောင်းဆုံးပါ။
အဲ့တော့ ဘယ်ကနေ သီချင်းတွေကို ရှာပြီး Download လုပ်ကြမလဲ? Google မှာ ရှာနေစရာမလိုပဲ App ကနေပဲ Download လုပ်လို့ရတဲ့ Music Downloader App ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. SoundCloud Song Mp3 Downloader
ဒီ App ကတော့ SoundCloud ထဲက သီချင်းတွေကို Download လုပ်ပေးတာဖြစ်တဲ့အတွက်ကိုယ့်မှာ SoundCloud App ကို အရင်သွင်းထားဖို့ လိုအပ်ပါလိမ့်မယ်။ SoundCloud App ကလည်း သီချင်းတွေကို အခမဲ့ Streaming ပြုလုပ်နိုင်တဲ့ App ဆိုတော့ အတော်လေးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။
2. SONGily
ဒီ App ကတော့ Google Play Store မှာမရှိတော့ပဲ Google မှာပဲရှာပြီး Download ရယူရမှာဖြစ်ပါတယ်။ လက်ရှိနောက်ဆုံးထွက်ထားတဲ့ သီချင်းအသစ်တွေကို ရှာဖွေနိုင်ပြီးတော့ Download မပြုလုပ်ခင်မှာလည်း အစမ်းနားထောင်နိုင်မှာပါ။
3. TubeMate
TubeMate ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ YouTube ကနေ သီချင်းဗီဒီယိုတွေကို Mp3 Audio အနေနဲ့ Download ပြုလုပ်ချင်တယ်ဆိုရင် အကောင်းဆုံး App တစ်ခုဖြစ်ပါတယ်။
4. Audiomack
Audiomack App ကတော့ လတ်တလောထွက်ရှိထားတဲ့ သီချင်းအသစ်တွေကို နားထောင်ပြီး Download ပြုလုပ်နိုင်မှာပါ။ ဒါပေမယ့် တစ်ခုရှိတာက နာမည်ကြီး အဆိုတော်တွေထက် Underground Music တွေ နဲ့ Artist အသစ်တွေရဲ့ သီချင်းတွေပိုများမှာဖြစ်ပါတယ်။
5. RockMyRun
တကယ်လို့ကိုယ်က Rock ဂီတကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီ App က နာည်ကြီး Rock သီချင်းတွေရော၊ လက်ရှိရေပန်းအစားဆုံးဖြစ်နေတဲ့ Rock သီချင်းတွေကိုပါ တဝကြီးနားထောင် Download ပြုလုပ်နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။