Apple iPhone တွေဟာ Android ဖုန်းတွေလိုမျိုး MicroSD Card နဲ့ Storage ထပ်တိုးလို့မရတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ နောက်ပြီးတော့ iOS အတွက် Application တွေဟာ Android Application တွေထက် File SIze ပိုပြီး ကြီးမားတဲ့အတွက် တကယ်လို့ ကိုယ်က Storage နည်းပါးတဲ့ iPhone ကို ဝယ်ယူထားမိရင် Storage မလောက်တဲ့ ပြဿနာက ကျိန်းသေပေါက်ကြုံတွေ့ရမှာပါ။

ဒါပေမယ့် အဲ့ဒီလိုမျိုး Storage ပြည့်သွားတာမျိုးကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ၅ ခုကို ဖော်ပြပေးလိုကပါတယ်။

1. ဓါတ်ပုံတွေကို High Efficiency နဲ့ပဲ ရိုက်ပါ

iOS 11 တင်ထားပြီးတဲ့ဖုန်းတွေဆိုရင် Setting – Camera – Formats ထဲမှာ Most Compatible အစား High Efficiency နဲ့ပဲ ရိုက်တာက ကိုယ်ရိုက်လိုက်တဲ့ ဓါတ်ပုံတွေကို Storage ၂ ဆလောက်သက်သာသေတဲ့ HEIF Format နဲ့ သိမ်းပေးတာဖြစ်တဲ့အတွက် ဓါတ်ပုံတွေကြောင့် Storage ပြည့်တာကို လျော့နည်းစေမှာပါ။

2. Messages ထဲမှာရှိတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကိုဖျက်ပစ်ပါ။

Apple iMessage ကနေ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို ပေးပို့တာကနောက်ထပ် ဓါတ်ပုံ၊ ဗီဒီယိုတွေကို ၂ ခုပွားလိုက်သလိုဖြစ်ပြီးတော့ Storage ကို ပိုစားစေတဲ့အရာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ပို့ထားတာရှိရင်ပြန်ဖျက်လိုက်ပါ။

3. Messages တွေကို အလိုအလျောက်ဖျက်ပစ်အောင် လုပ်ထားပါ။

Messages တွေကလည်း iPhone Storage ကို နေရာပုပ်စေတဲ့အရာတွေထဲမှာပါဝင်ပါတယ်။ အဲ့ဒီအတွက် Setting – Messages – Message History ကနေ Keep Messages မှာ ရက် ၃၀ အထိပဲ ထားထားလိုက်ပါ။

4. Offload Unused Apps ကို On ထားပါ။

iPhone တွေအတွက် iOS 11 မှာ အသုံးနည်းတဲ့ Apps တွေကို Storage ဖယ်ရှားပေးတဲ့ Feature တစ်ခုပါဝင်လာပါတယ်။ အဲ့ဒါကတော့ Offload Unused Apps ပဲဖြစ်ပြီးတော့ Setting – General – iPhone Storage မှာ On ထားလိုက်ပါ။

5. App Data Cache တွေကို ဖျက်ပစ်ပါ။

App တွေ၊ အထူးသဖြင့် Social Media App တွေက Cache အနေနဲ့ ဖုန်းရဲ့ Storage တွေကို အများအပြားယူထားလေ့ရှိပါတယ်။ အဲ့ဒီအတွက App ရဲ့ Media Storage မှာ ပြန်ပြီးဖျက်ပစ်လိုက်ပါ။