Gionee ကုမ္ပဏီကနေ အိန္ဒိယနိုင်ငံမှာ ကုမ္ပဏီရဲ့ ပထမဆုံးသော FullView Display ပါဝင်တဲ့ Gionee M7 Power စမတ်ဖုန်းကို မိတ်ဆက်ခဲ့လိုက်ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Gionee M7 Power ဖုန်းဟာဆိုရင် စွမ်းဆောင်ရည်ပိုင်း အရမ်းမြင့်မားနေတာမဟုတ်ပေမယ့် ပေးရတဲ့ဈေးနဲ့ဆိုရင်မဆိုးဘူးလို့ ပြောလို့ရပါတယ်။

Gionee M7 Power စမတ်ဖုန်းကို Qualcomm Snapdragon 435 Processor ကိုအသုံးပြုထားပြီးတော့ RAM အနေနဲ့ 4GB, Internal Storage အနေနဲ့က 64GB ပါဝင်မှာဖြစ်ပြီးတော့ MicroSD Card ကနေလည်း ထပ်ပြီးတိုးချဲ့နိုင်ဦးမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ ပထမဆုံးအနေနဲ့ 6″ HD+ Resolution 18:9 Ratio Display ကို အသုံးပြုထားသလို FullView Display ဖြစ်တဲ့အတွက် ဘေးဘောင်တွေသေးငယ်သွားပြီပဲဖြစ်ပါတယ်။ ကင်ရာပိုင်းကတော့ Dual Camera စနစ်ကို အသုံးပြုထားတာမဟုတ်သေးပဲ Back Camera 13MP နဲ့ Front Camera 8MP တို့ ပါဝင်မှာပါ။

Gionee M7 Power ရဲ့ ထူးခြားချက်က Battery က အခြားသောဖုန်းတွေထက်များပြားတဲ့ 5000mAh Battery ပါဝင်တာပဲဖြစ်ပါတယ်။ Android Version က 7.1.1 Nougat ကို အသုံးပြုထားတဲ့အတွက်မဆိုးဘူးလို့ ပြောနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၆ ဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။