Unicode

Apple Device တွေဟာ လက်ရှိအချိန်မှာ System OS Update တွေနဲ့ ပတ်သတ်ရင် Android ထက် သာနေတုန်းလို့ ပြောလို့ရပါတယ်။ ပုံမှန်အားဖြင့် iOS အသစ်တစ်ခုထွက်ရှိတိုင်း Device ပေါင်းဘယ်လောက်ရာခိုင်နှုန်းအထိ အသုံးပြုနေပြီဆိုပြီး ကြွားတတ်တဲ့ Apple ဟာ အခုလည်း iOS နဲ့ iPadOS အသုံးပြုနှုန်းကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အခုထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း မိတ်ဆက်ခဲ့တဲ့ iPhone တွေရဲ့ ၇၇ ရာခိုင်နှုန်းက iOS 13 ကို Update ပြုလုပ်ပြီး သုံးစွဲနေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၁၇ ရာခိုင်နှုန်းကတော့ iOS 12 နဲ့ နောက်ဆုံး ၆ ရာခိုင်နှုန်းကပဲ အစောပိုင်း iOS Version တွေကို အသုံးပြုနေတာဖြစ်ပါတယ်။

iPhone အကုန်လုံးအနေနဲ့ဆိုရင်လည်း ၇၀ ရာခိုင်နှုန်းခန့် iOS 13 ကို Update ပြုလုပ်ပြီးဖြစ်ပါတယ်။ ၂၃ ရာခိုင်နှုန်းက iOS 12 နဲ့ ၇ ရာခိုင်နှုန်းကပဲ အစောပိုင်း iOS Version တွေကို သုံးစွဲနေဆဲဖြစ်တယ်လို့ သိရပါတယ်။

iPad တွေအနေနဲ့လည်း ပြီးခဲ့တဲ့ ၄ နှစ်အတွင်း မိတ်ဆက်ခဲ့တဲ့ iPad အားလုံးထဲက ၇၉ ရာခိုင်နှုန်းက iPadOS အသစ်ကို Update ပြုလုပ်ပြီးဖြစ်ပါတယ်။ ၁၉ ရာခိုင်နှုန်းကပဲ iOS 12 ကို အသုံးပြုနေပြီး အစောပိုင်း iOS Version တွေကို အသုံးပြုနေသူတွေက ၂ ရာခိုင်နှုန်းပဲရှိတာဖြစ်ပါတယ်။

iPad တွေအကုန်လုံးအနေနဲ့ဆိုရင်တော့ ၅၇ ရာခိုင်နှုန်းကပဲ iPadOS ကို Update ပြုလုပ်ထားပြီး ၂၇ ရာခိုင်နှုန်းက iOS 12 နဲ့ ၁၆ ရာခိုင်နှုန်းက အစောပိုင်း iOS Version တွေကို သုံးစွဲနေတုန်းဖြစ်ပါတယ်။ အဲ့ဒီအတွက် သက်တမ်း ၄ နှစ်အထက်ရှိတဲ့ iPad တွေကို အသုံးပြုနေသူက ပိုပြီးများပြားနေတဲ့ပုံစံပါပဲ။

Apple အနေနဲ့ အခုလိုမျိုး iOS 13 နဲ့ iPadOS အသစ်တွေကို အသုံးပြုနိုင်တဲ့ Device တွေဘယ်လောက်တောင်ရှိနေပြီဆိုပြီး ကြွားလုံးထုတ်နေပေမယ့် တဖက်မှာတော့ Google ကနေ Android OS ကို အသုံးပြုနေတဲ့ Device တွေက ဘယ် Version မှာ ဘယ်လောက်ဆိုတာကို Update သတင်းမထုတ်ပြန်တာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက ဒီအချိန်မှာ iOS 12 ကို ၄ နှစ်အတွင်းမိတ်ဆက်ခဲ့တဲ့ iPhone တွေရဲ့ ၇၈ ရာခိုင်နှုန်းက အသုံးပြုနေခဲ့တဲ့အတွက် ဒီနှစ်မှာ အနည်းငယ်ကျဆင်းသွားတယ်လို့ ဆိုရမှာပါ။

Ref – MacRumours

Zawgyi

Apple Device ေတြဟာ လက္ရွိအခ်ိန္မွာ System OS Update ေတြနဲ႔ ပတ္သတ္ရင္ Android ထက္ သာေနတုန္းလို႔ ေျပာလို႔ရပါတယ္။ ပုံမွန္အားျဖင့္ iOS အသစ္တစ္ခုထြက္ရွိတိုင္း Device ေပါင္းဘယ္ေလာက္ရာခိုင္ႏႈန္းအထိ အသုံးျပဳေနၿပီဆိုၿပီး ႂကြားတတ္တဲ့ Apple ဟာ အခုလည္း iOS နဲ႔ iPadOS အသုံးျပဳႏႈန္းကို တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

အခုထုတ္ျပန္ခ်က္အရ ၿပီးခဲ့တဲ့ ၄ ႏွစ္အတြင္း မိတ္ဆက္ခဲ့တဲ့ iPhone ေတြရဲ႕ ၇၇ ရာခိုင္ႏႈန္းက iOS 13 ကို Update ျပဳလုပ္ၿပီး သုံးစြဲေနတယ္လို႔ သိရပါတယ္။ က်န္တဲ့ ၁၇ ရာခိုင္ႏႈန္းကေတာ့ iOS 12 နဲ႔ ေနာက္ဆုံး ၆ ရာခိုင္ႏႈန္းကပဲ အေစာပိုင္း iOS Version ေတြကို အသုံးျပဳေနတာျဖစ္ပါတယ္။

iPhone အကုန္လုံးအေနနဲ႔ဆိုရင္လည္း ၇၀ ရာခိုင္ႏႈန္းခန္႔ iOS 13 ကို Update ျပဳလုပ္ၿပီးျဖစ္ပါတယ္။ ၂၃ ရာခိုင္ႏႈန္းက iOS 12 နဲ႔ ၇ ရာခိုင္ႏႈန္းကပဲ အေစာပိုင္း iOS Version ေတြကို သုံးစြဲေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

iPad ေတြအေနနဲ႔လည္း ၿပီးခဲ့တဲ့ ၄ ႏွစ္အတြင္း မိတ္ဆက္ခဲ့တဲ့ iPad အားလုံးထဲက ၇၉ ရာခိုင္ႏႈန္းက iPadOS အသစ္ကို Update ျပဳလုပ္ၿပီးျဖစ္ပါတယ္။ ၁၉ ရာခိုင္ႏႈန္းကပဲ iOS 12 ကို အသုံးျပဳေနၿပီး အေစာပိုင္း iOS Version ေတြကို အသုံးျပဳေနသူေတြက ၂ ရာခိုင္ႏႈန္းပဲ႐ွိတာျဖစ္ပါတယ္။

iPad ေတြအကုန္လုံးအေနနဲ႔ဆိုရင္ေတာ့ ၅၇ ရာခိုင္ႏႈန္းကပဲ iPadOS ကို Update ျပဳလုပ္ထားၿပီး ၂၇ ရာခိုင္ႏႈန္းက iOS 12 နဲ႔ ၁၆ ရာခိုင္ႏႈန္းက အေစာပိုင္း iOS Version ေတြကို သုံးစြဲေနတုန္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ သက္တမ္း ၄ ႏွစ္အထက္ရွိတဲ့ iPad ေတြကို အသုံးျပဳေနသူက ပိုၿပီးမ်ားျပားေနတဲ့ပုံစံပါပဲ။

Apple အေနနဲ႔ အခုလိုမ်ိဳး iOS 13 နဲ႔ iPadOS အသစ္ေတြကို အသုံးျပဳႏိုင္တဲ့ Device ေတြဘယ္ေလာက္ေတာင္ရွိေနၿပီဆိုၿပီး ႂကြားလုံးထုတ္ေနေပမယ့္ တဖက္မွာေတာ့ Google ကေန Android OS ကို အသုံးျပဳေနတဲ့ Device ေတြက ဘယ္ Version မွာ ဘယ္ေလာက္ဆိုတာကို Update သတင္းမထုတ္ျပန္တာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ မႏွစ္တုန္းက ဒီအခ်ိန္မွာ iOS 12 ကို ၄ ႏွစ္အတြင္းမိတ္ဆက္ခဲ့တဲ့ iPhone ေတြရဲ႕ ၇၈ ရာခိုင္ႏႈန္းက အသုံးျပဳေနခဲ့တဲ့အတြက္ ဒီႏွစ္မွာ အနည္းငယ္က်ဆင္းသြားတယ္လို႔ ဆိုရမွာပါ။

Ref – MacRumours