Counterpoint Research ရဲ့ Market Plus Service ကဖော်ပြတဲ့သတင်းအရ ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းရောင်းချရမှုဟာ ပြီးခဲ့တဲ့မေလအတွင်းမှာ ၉၆ သန်းအထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒီကိန်းဂဏန်းဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ရင် ၄% ကျဆင်းခဲ့တာ ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် မေလနဲ့နှိုင်းယှဉ်ရင် ၁၀% အထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။

မှတ်သားစရာအချက်တစ်ခုကတော့ ဒီကိန်းဂဏန်းတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်တာပါ။ ဒီကာလအတွင်းမှာ အလုံးရေ သန်း ၁၀၀ အောက်ကျဆင်းသွားရခြင်း ဖြစ်ပါတယ်။ ၉၆ သန်းဆိုတဲ့ ပမာဏဟာ လစဉ်လစဉ်ကျဆင်းမှုမှာ ဒုတိယနှစ်ဆက်တိုက် ကျဆင်းမှုဖြစ်ပြီး နှစ်စဉ်ရောင်းအားကျဆင်းမှုဆိုရင်တော့ ဆယ့်တစ်လ ဆက်တိုက် ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကနဦး COVID-19 စတင်ပျံ့နှံ့ပြီးခဲ့တဲ့နောက် အင်နဲ့အားနဲ့ ပြန်ထလာခဲ့တယ်ဆိုပေမဲ့ စမတ်ဖုန်းရောင်းချရမှုတွေဟာ ကပ်ရောဂါအကြိုအဆင့်တုန်းကဆီတော့ ပြန်မရောက်သေးပါဘူး။ ဘူးလေးရာဖယုံဆင့်ဆိုသလိုပဲ ကမ္ဘာ့စစ်ရေးအခြေအနေကလည်း စမတ်ဖုန်းဝယ်ယူမှုအခြေအနေကို ကန့်သတ်နေတာ ဖြစ်ပါတယ်။

တရုတ်မှာ ကပ်ရောဂါကြောင့် စက်ရုံတွေရဲ့ထုတ်လုပ်မှု နှေးကွေးနေတာရယ်၊ ယူကရိန်းအကျပ်အတည်းတို့ရယ်ဟာ စမတ်ဖုန်းဝယ်လိုအားကို ထိခိုက်လာစေပါတယ်။ ငွေကြေးဖောင်းပွမှုအဆင့်မြင့်တက်လာပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

Counterpoint က Analysts တွေကတော့ ထောက်ပံ့ရေးကွင်းဆက်တွေ ပုံမှန်ပြန်ဖြစ်လာပြီး၊ တရုတ်နိုင်ငံက စက်ရုံတွေလည်း အဆင့်အပြည့်နဲ့ လည်ပတ်နေတာကြောင့် လာမဲ့ဒုတိယနှစ်ဝက်မှာ တိုးတက်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref: GSM Arena