Samsung ဟာ အခုနောက်ပိုင်းမှာ Galaxy A Series စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ကို မိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုထူးဆန်းတာက ဒီလိုမျိုး Galaxy A Series ဖုန်းတွေအများအပြားကို မိတ်ဆက်နေပေမယ့်လည်း Selfie Camera ကို Notch သို့မဟုတ် Punch-hole အနေနဲ့ပဲ တပ်ဆင်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ Pop-up Selfie Camera ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာပါ။ အဆိုပါ စမတ်ဖုန်းရဲ့ Render ဓါတ်ပုံတွေကို နာမည်ကြီး Leak သတင်းတွေဖော်ပြတဲ့ Website တစ်ခုဖြစ်တဲ့ OnLeaks ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်အထိတော့ အဆိုပါ စမတ်ဖုန်းက ဘာအမျိုးအစားဖြစ်မလဲဆိုတာကို မသိရှိရသေးပါဘူး။
Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Pop-up Rotating Camera ပါဝင်တဲ့ Galaxy A80 ကို မိတ်ဆက်ခဲ့ဖူးပြီး အဆိုပါဖုန်းဟာ လက်ရှိအချိန်အထိ လုံးဝ Full Screen Experience ကို ပေးစွမ်းနိုင်တဲ့တစ်ခုထဲသော Samsung ဖုန်းလည်းဖြစ်နေပါတယ်။ ဒီလိုမျိုး နောက်ထပ် Pop-up Selfie Camera နဲ့ Samsung ဖုန်းသစ်တစ်လုံးကို မိတ်ဆက်မယ်ဆိုတာက ဘာပဲဖြစ်ဖြစ် Full Screen Experience ကိုလိုချင်တဲ့သူတွေအတွက်တော့ ဝမ်းသာစရာပါ။
ကျန်တဲ့ Design ပိုင်းအနေနဲ့ကတော့ အဆိုပါ Samsung စမတ်ဖုန်းမှာ Triple Camera Setup အပြင် Fingerprint Sensor ကလည်း On-Screen Fingerprint Sensor အစား ဖုန်းရဲ့ နောက်ကျောဘက်မှာထည့်သွင်းထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် အခုစမတ်ဖုန်းအသစ်ဟာ စျေးသက်သာတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။
နောက်ထပ် OnLeaks ရဲ့ ပြောကြားချက်အရတော့ ယခုစမတ်ဖုန်းဟာ Mid Range ဖုန်းတစ်လုံးဖြစ်နိုင်ပေမယ့် 3.5mm Headphone Jack ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် 5G Network ကို Support ပေးလာနိုင်မလားဆိုတာကလည်း မသေချာသေးဘူးလို့ သိရပါတယ်။
ဒီလိုမျိုး Pop-up Selfie Camera ပါဝင်တဲ့ Samsung စမတ်ဖုန်းအသစ်အကြောင်းအသေးစိတ်ကိုတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ ထပ်မံသိရှိရမယ်လို့ ယူဆရပါတယ်။
Ref – Phone Arena