လက်ရှိ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ဟာ စမတ်ဖုန်းလောကမှာလည်း စမတ်ဖုန်းရောင်းချရမှုတွေအပြင် ထုတ်လုပ်မှုတွေကိုပါ ထိခိုက်နေတာဖြစ်ပပါတယ်။ အခုလည်း Samsung ကနေ COVID-19 ကြောင့် စမတ်ဖုန်းထုတ်လုပ်မှုတွေ ကျဆင်းနေတဲ့ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် လက်ရှိနောက်ဆုံးသိရှိရတဲ့သတင်းတစ်ခုအရ Samsung ကနေ စမတ်ဖုန်းထုတ်လုပ်မှုအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေမှာယူမှုကို ထက်ဝက် ၅၀ ရာခိုင်နှုန်းအထိ လျော့ချလိုက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစိတ်အပိုင်းတွေမှာ Budget Entry ဖုန်းကနေ Flagship ဖုန်းတွေအထိ ပါဝင်နေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒါတင်မဟုတ်သေးဘဲ တခြားသောသတင်းတွေအရလည်း Samsung ကနေ အခုအချိန်မှာ တစ်လကို စမတ်ဖုန်းအလုံးရေ ၁၀ သန်းပဲ ထုတ်လုပ်နိုင်တော့တယ်လို့ သိရပါတယ်။ ဒါက ယခင်တုန်းက ပုံမှန်ထုတ်လုပ်နိုင်တဲ့အရေအတွက်ဖြစ်တဲ့ တစ်လကို အလုံးရေ ၂၅ သန်းထက် သိသိသာသာကို ကျဆင်းသွားတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံးမှာ စမတ်ဖုန်းရောင်းအားကလည်း ဆက်လက်ကျဆင်းနေမယ့်ပုံစံပါပဲ။
Ref – GSM Arena