Xiaomi က Projector အသစ်ကို ထုတ်လုပ်ရောင်းချဖို့ Youpin Crowdfunding Platform မှာ ရန်ပုံငွေ ရှာဖွေနေပါတယ်။ Wanbo T2 Free Projector လို့ နာမည်ပေးထားပြီး ၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၂ သောင်းလောက်ပဲရှိတဲ့အတွက် ဈေးအရမ်းချိုပါတယ်။ 1080p Resolution ကို ထောက်ပံ့ပေးပြီး ၄၀ ကနေ ၁၂၀ လက်မ Screen အရွယ်အစားနဲ့ ၁.၅ ကနေ ၃ မီတာ အကွာအဝေးအထိ ရုပ်ပုံတွေ ထောက်ပံ့ပေးနိုင်ပါတယ်။ အနောက်ဘက်မှာ Scrolling Button ထည့်သွင်းထားပြီး ±40° Vertical Keystone Correction ကို ထောက်ပံ့ပါတယ်။

Projector တွေဟာ Lens မှာ ဖုန်ကပ်တတ်လေ့ရှိပြီး Screen မှာ အနက်ရောင် အစက်တွေ ပေါ်တတ်ပါတယ်။ Wanbo T2 Free မှာ အဲဒီ ပြဿနာကို ဖြေရှင်းပေးတဲ့ နည်းပညာ ထည့်သွင်းထားပြီး Optical Path မှာ ဖုန် မကပ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီအတွက် Projector ရဲ့ သက်တမ်းကိုလည်း ရှည်ကြာစေပါတယ်။

Projector မှာ Diffuse Reflection နည်းပညာ သုံးထားပြီး Self-illumination Imaging နဲ့ ယှဉ်ရင် ပုံရိပ်တွေဟာ ပိုပျော့ပျောင်းတဲ့အတွက် အချိန်ကြာကြာကြည့်ရင် မျက်လုံး ထိခိုက်တာကို ကာကွယ်ပေးပါတယ်။ ဘယ်ဘက်နဲ့ ညာဘက်မှာ 3W စပီကာ ၂ လုံး ထည့်ထားပြီး အတွင်းဘက်မှာ ပန်ကာ ၁ လုံး ပါတဲ့အတွက် အပူချိန် လျှော့ချပေးပါတယ်။ LED Lamp ရဲ့ အပူချိန်ကိုလည်း လျှော့ချထားတဲ့အတွက် LED Bulb ရဲ့ သက်တမ်းဟာ နာရီပေါင်း ၂၀,၀၀၀ အထိ အသုံးခံပါတယ်။ အနောက်ဘက်မှာ HDMI , AV နဲ့ တခြား Input Interfaces တွေ ပါလာပြီး Notebook နဲ့ TV Box တွေလို ကိရိယာတွေနဲ့ ချိတ်ဆက်ရင် အဆင်ပြေစေပါတယ်။

Ref : gizmochina