Xiaomi ရဲ့ Android TV Device အသစ် ဖြစ်တဲ့ Mi TV Stick ရဲ့ သတင်းများစွာ ထွက်နေပြီး အခုလည်း Unboxing ဓါတ်ပုံနဲ့ Hands-on ဗီဒီယိုတွေ ထွက်လာပြန်ပါတယ်။ Muritzy.tistory.com က Mi TV Stick ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။
ဘူးထဲမှာ Stick , USB Cable , Wall Adapter , Remote နဲ့ Instruction Manuals တွေ ပါလာပြီး Chromecast , Fire TV နဲ့ အလားတူ Device တွေမှာလိုပဲ Mi TV Stick ကို TV အနောက်ဘက်က USB Port မှာ တပ်ဆင် အသုံးပြုရမှာ ဖြစ်ပါတယ်။
ဗီဒီယိုက Interface မှာ Play Store Listing မှာလိုပဲ Android 9 Pie ထည့်သွင်းထားတာ မြင်ရပြီး မတ်လ ၅ ရက်နေ့ Security Patch Level ပါလာပါတယ်။ Output က 1080p@60fps ဖြစ်ပြီး Mi Box S လို 4K မထောက်ပံ့ထားပါဘူး။
Benchmark App ကို Sideload လုပ်ထားပြီး DRM Info မှာ ClearKey CDM 1.1 နဲ့ Widevine L1 ၂ ခုစလုံးကို ထောက်ပံ့ထားတယ်လို့ ပြောတဲ့အတွက် App အများစုက 1080p Resolution ကို ပြသပေးနိုင်မှာပါ။ AnTuTu V8 မှာ ၃၆,၄၃၆ မှတ်ရထားပြီး Mi Box S ရဲ့ ၃၁,၆၆၉ မှတ်ထက် ပိုများပါတယ်။
Ref : androidpolice