Apple ဟာ AR Glasses ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဆိုတဲ့ သတင်းဟာ ဇွန်လလောက်က ထွက်လာတာ ဖြစ်ပြီး Patently Apple က Apple မှတ်ပုံတင်ထားတဲ့ Patent တွေကို ရှာဖွေတွေ့ရှိခဲ့လို့ ဒီသတင်းကို အစဆွဲထုတ်ခဲ့တာပါ။

အခုတော့ Apple က Foxconn ရဲ့ စက်ရုံ ၁ ခုမှာ AR Glasses ကို စမ်းသပ် ထုတ်လုပ်နေပြီလို့ သတင်းထွက်လာပါတယ်။ The Information က Apple ဟာ AR Device အတွက် Semi-transparent Lenses တွေကို ထုတ်လုပ်ဖို့ Foxconn နဲ့ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။ Foxconn ဟာ Apple ထုတ်ကုန်အများစုကို ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး iPhone အများစုကိုလည်း Foxconn ကပဲထုတ်လုပ်ပေးထားတာပါ။

Augmented Reality(AR) ဟာ သတင်းအချက်အလက်တွေနဲ့ ဒစ်ဂျစ်တယ် Content တွေကို ပြသပေးနိုင်ပါတယ်။ ဦးခေါင်းမှာ ဝတ်ဆင်ရတဲ့ AR Device တွေမှာ အဲဒီ Lenses တွေဟာ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီ Lenses တွေဟာ နမူနာမော်ဒယ် အဆင့်ကို ကျော်ပြီး ပြီးခဲ့တဲ့ ၂ လကတည်းက စမ်းသပ်ထုတ်လုပ်တဲ့ အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။

Foxconn ဟာ AR Lenses ကို ဖန်တီးနေတာ ၃ နှစ်လောက် ရှိပြီလို့ သတင်းအရင်းအမြစ်တွေက ပြောပြီး အဲဒီအချိန်လောက်ကပဲ Apple ဟာ Lenses မှာ ပုံရိပ်တွေကို ပြသပေးနိုင်တဲ့ Liquid-crystal-on-silicon Display ကို ဖန်တီးနေတဲ့ ကော်လိုရာဒို အခြေစိုက် Akonia Holographicscthat ကို ဝယ်ယူခဲ့တာပါ။ AR Glasses မှာ Akonia ရဲ့ နည်းပညာတွေ ပါလာမလားဆိုတာ မသိရသေးပါဘူး။ AR Glasses ကို ကြေညာမယ့်အချိန်ကို မသိရသေးပေမယ့် AirPods ကို မိတ်ဆက်ချိန်ကလိုပဲ နည်းပညာလောကကို အံ့အားသင့်စေမှာပါ။

Ref : gizmochina