iPhone 13 အသစ်တွေကို လာမယ့် ၃ လအတွင်း ကြေညာတော့မယ်လို့ ထင်ရပြီး သတင်းများစွာ ပေါက်ကြားခဲ့ပြီးပါပြီ။ အခုတော့ ဒီနှစ်ထုတ် iPhone အသစ်တွေကို အဓိက ထုတ်လုပ်ပေးမှာက Foxconn နဲ့ Pegatron တို့ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။

 iPhone 13 Pro Max, 13 Pro, vanilla 13 and 13 mini

Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ရောင်းအား မကောင်းတဲ့အတွက် mini ထုတ်လုပ်တာ ဒီနှစ်မှာ နောက်ဆုံး ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ မော်ဒယ် ၃ မျိုးပဲ ထုတ်လုပ်မယ်လို့ ပြောပါတယ်။ အရင်သတင်းတွေအရ mini အစား အရွယ်ကြီး တန်ဖိုးနည်း 14 Max ကို ထုတ်လုပ်မယ်လို့လည်း ဆိုနေကြပါတယ်။

Foxconn က iPhone 13 ကို အဓိက ထုတ်လုပ်မယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်ဝမ် ကုမ္ပဏီ Pegatron ဟာ Students’ Labor Program မှာ လုပ်သားတွေရဲ့ အခွင့်အရေးချိုးဖောက်ခဲ့ကာ စောင့်ကြည့်ခံနေရတဲ့အတွက် Apple  အဲဒီကုမ္ပဏီနဲ့ ဆက်လက် လက်တွဲနေတာ ထူးဆန်းပါတယ်။ အတွင်းသတင်းတွေအရ Foxconn ဟာ iPhone 13 Series ကို အဓိက ထုတ်လုပ်တဲ့  တစ်ခုထဲသော ကုမ္ပဏီ ဖြစ်နေဦးမှာပါ။

တခြား သတင်းတစ်ခုအရ iPhone 13 Pro မော်ဒယ်တွေဟာ iPhone 12 Pro မော်ဒယ်တွေထက် ကင်မရာ Setup ပိုကြီးမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ လေးထောင့်ပုံ ကင်မရာ အကွက် ထည့်သွင်းထားမှာပါ။ iPhone 13 Pro ရဲ့ Case ဓါတ်ပုံတွေမှာလည်း အဲဒါကို ထင်ရှားစွာ မြင်ရပါတယ်။

Ref : gsmarena