တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း 5G စမတ်ဖုန်း ရောင်းအားအကောင်းဆုံး ကုမ္ပဏီဟာ Apple ဖြစ်လာပါတယ်။ Strategy Analytics ရဲ့ စစ်တမ်းအရ ကွာတား ၃ ရဲ့ 5G စမတ်ဖုန်း ဈေးကွက်မှာ Apple ဟာ ၂၅ ရာခိုင်နှုန်းရထားပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းက Android စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

5G Android စမတ်ဖုန်းဈေးကွက်ကို Xiaomi က ဦးဆောင်နေပြီး Xiaomi ဟာ ဈေးကွက်ထဲမှာ 5G စမတ်ဖုန်းများစွာကို ရောင်းချထားပါတယ်။ အဲဒီအထဲမှာ Flagship Killer လို့ ခေါ်ကြတဲ့ Poco F3 Series နဲ့ Mi 11T Series တွေ အပြင် Poco M3 Pro 5G နဲ့ Redmi Note 10 5G လို စွမ်းရည်နိမ့် 5G စမတ်ဖုန်းတွေ ပါဝင်ကြပါတယ်။

Apple iPhone 13 series: Storage and colour variants of all models  apparently leaked by Ukrainian website

Xiaomi ရဲ့ အနောက်က လိုက်နေတာက Samsung ဖြစ်ပြီး ဩဂုတ်လမှာ ကုမ္ပဏီဟာ နာမည်ကြီး 5G Foldable စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy Z Flip3 နဲ့ Fold3 တို့ကို ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် A Series စမတ်ဖုန်းများစွာကို ထုတ်လုပ်ထားပြီး 5G ပါတဲ့ နောက်ဆုံးထုတ် ဈေးအချိုဆုံး စမတ်ဖုန်းကတော့ Galaxy A22 5G ဖြစ်ပါတယ်။

ကမ္ဘာ့ 5G စမတ်ဖုန်းဈေးကွက်မှာ အလျှင်မြန်ဆုံး တိုးတက်လာတာက Honor ဖြစ်ပြီး အရင်ကွာတားထက် ရောင်းအား ၁၉၄ ရာခိုင်နှုန်းတောင် ပိုများလာပါတယ်။ Huawei က ရောင်းချပြီးနောက်မှာ Honor ဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် 5G ပါတဲ့ Honor 50 Series နဲ့ စမတ်ဖုန်း လောကကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။

Ref : gizmochina