လူမှုကွန်ရက် ပူးပေါင်းဆောင်ရွက်မှု ဈေးကွက် Pearpop က လူမှုကွန်ရက်မှာ နာမည်ကြီးလာတာနဲ့အမျှ တန်ဖိုးတက်လာတဲ့ Dynamic NFT ကို မိတ်ဆက်လိုက်ပါတယ်။ Pearpop က Creator တွေ သူတို့ရဲ့ လူမှုကွန်ရက် ပို့စ်တွေကို NFT အဖြစ် ရောင်းချနိုင်တဲ့ Pearproof အမည်ရ Web3 App ကို တည်ထောင်လိုက်ပါတယ်။
Chainsmokers, Alexis Ohanian, Mark Cuban နဲ့ Snoop Dogg အပါအဝင် Web3 စီမံကိန်းတွေကို ထောက်ပံ့ထားတဲ့ နာမည်ကြီးသူတွေက Pearpop ကို အားပေးကူညီထားပါတယ်။
Tweet လို လူမှုကွန်ရက် ပို့စ်တွေကို ရောင်းချတာ မထူးခြားပေမယ့် Pearproof ရဲ့ NFT မှာ လူမှုကွန်ရက် ပို့စ်တွေဟာ Engagement ကောင်းလာတာနဲ့အမျှ တန်ဖိုးတက်လာတဲ့ Algorithm ကို အသုံးပြုထားပါတယ်။ အဲဒါကပဲ ဒေါ်လာ ၂.၉ သန်းနဲ့ ရောင်းချခဲ့တဲ့ Jack Dorsey ရဲ့ ပထမဆုံး Tweet NFT နဲ့ သဘောတရား ကွဲပြားသွားတာပါ။
Pearpop နဲ့ Pearproof ရဲ့ ထုတ်ကုန် အရာရှိချုပ် Ray Lee က TechCrunch နဲ့ အင်တာဗျူးမှာ “ ပိုင်ဆိုင်မှု သာမက NFT တွေကို Dynamic အဖြစ် ဖန်တီးဖို့ Web2 Metadata ကို တကယ် ချိတ်ဆက်နိုင်တဲ့ ပလက်ဖောင်း သို့မဟုတ် ဖော်မက် ၁ ခုကို ကျွန်တော်တို့ ဖန်တီးချင်တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : nftgators