“ကမ္ဘာ့အကြီးဆုံး Cryptocurrency နဲ့ Blockchain အခြေခံအဆောက်အဦးပံ့ပိုးပေးသူတွေထဲက တစ်ခုဖြစ်တဲ့ Binance” ဟာ “အထင်ကရ စီးပွားရေးသတင်းအချက်အလက်အမှတ်တံဆိပ်”ရဲ့ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့တယ်လို့ Forbes က ထုတ်ပြန်ကြေညာသွားပါတယ်။
ဒီငွေတွေဟာ Forbes ကတည်ထောင်ထားတဲ့ အများပိုင်ရှယ်ယာ (PIPE) အစီအစဉ်က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၄၀၀ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးရည်ရွယ်ချက်နဲ့ဝယ်ယူတဲ့ ကုမ္ပဏီနဲ့ပေါင်းစည်းပြီး အများပိုင်ကုမ္ပဏီ ဒါမှမဟုတ် SPAC ဖြစ်စေတာပါ။
သဘောတူညီချက်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ မှတ်တိုင်တစ်ခုဖြစ်လာစေပါတယ်။ Web3 ကုမ္ပဏီတွေဟာ သူတို့ရဲ့ Media outlet တစ်ခုဝယ်ကြစို့ ဆိုတဲ့အခိုက်အတန့်ကို ရောက်နေကြပါပြီ။ ဒါပေမဲ့ ဒီအစီအစဉ်က Forbes နဲ့ Binance တို့ကိုလည်း ပေါင်းစပ်ပေးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်းတုန်းက Binance ဟာ Forbes ကို တရားစွဲခဲ့ပါသေးတယ်။ Binance ရဲ့ “Elaborate corporate structure” ဟာ “အားပြိုင်သူတွေကို ရည်ရွယ်ချက်ရှိရှိလှည့်ဖြားဖို့နဲ့ အမေရိကန်ပြည်ထောင်စုက Crypto ရင်းနှီးမြှုပ်နှံသူတွေဆီက ခိုးကြောင်ခိုးဝှက် အကျိုးအမြတ်အတွက် ဒီဇိုင်းထုတ်ထားတယ်” လို့အဓိပ္ပါယ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် သန်းပေါင်းများစွာဆုံးရှုံးခဲ့ရတယ်ဆိုပြီး တရားစွဲတာပါ။ ဒါပေမဲ့ Binance ဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းက တရားစွဲဆိုမှုကိုရုပ်သိမ်းခဲ့ပါတယ်။
Ref: The Verge