ဗြိတိန် အကောက်ခွန် ဌာန Her Majesty’s Revenue and Customs (HMRC) က NFT ကို ပထမဆုံး အကြိမ် ဖမ်းဆီး အရေးယူလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ လူ ၃ ယောက်ကို စတာလင်ပေါင် ၁.၄ သန်း လိမ်လည်မှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အခုလို ဖမ်းဆီးလိုက်တာပါ။ အာဏာပိုင်တွေဟာ စတာလင်ပေါင် ၅,၀၀၀ တန် Crypto နဲ့အတူ တန်ဖိုးမဖော်ပြထားတဲ့ NFT အနုပညာလက်ရာ ၃ ခုကို ဖမ်းဆီးခဲ့ပါတယ်။

Cryptocurrency တွေရဲ့ ဈေးနှုန်းတွေဟာ အရမ်း မြင့်မားလာကာ လိမ်လည်မှုတွေ ဖြစ်လာတဲ့အတွက် အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ပြုလုပ်လာတာပါ။ ဒီလထဲမှာပဲ အမေရိကန် တရားရေးဌာနက ၂၀၁၆ ခုနှစ်က Bitfinex Hack နဲ့ ဆက်စပ်နေတဲ့ ဒေါ်လာ ၃.၆ ဘီလီယမ် တန်ကြေးရှိ Cryptocurrency ကို ဖမ်းဆီးခဲ့ပါတယ်။

What are NFT tokens and how do they work? - Bitnovo Blog

HMRC ရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှု ဒါရိုက်တာ ဖြစ်သူ Nick Sharp က မသမာသူတွေကို စုံစမ်းထောက်လှမ်းဖို့အတွက် နည်းပညာအသစ်တွေကို အာဏာပိုင်တွေက အမြဲ လေ့လာစောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။

အခု လိမ်လည်မှုမှာ ကုမ္ပဏီ အတု ၂၅၀ ပါဝင်နေပြီး သံသယ တရားခံ ၃ ယောက်ဟာ လိပ်စာ အတု၊ Pre-paid Phone ၊ VPN နဲ့ ခိုးယူထားတဲ့ ID တွေကို အသုံးပြုကာ HMRC ထောက်လှမ်းလို့ မရအောင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဖွက်ထားခဲ့ပါတယ်။ HMRC က အဲဒီ NFT တွေကို ထိန်းချုပ်ထားမှာ မဟုတ်ဘဲ ရောင်းချတာကို ပိတ်ပင်ဖို့ တရားရုံး အမိန့်ကို အသုံးပြုမှာပါ။

Ref : theverge