Snoop Dogg ဟာ ဒီလ ၁၁ ရက်နေ့မှာ Bacc On Death Row (B.O.D.R) Album ကို ဖြန့်ချိခဲ့ပြီး သူက Blockchain Gaming ပလက်ဖောင်း Gala Games နဲ့ပူးပေါင်းကာ အဲဒီ Album ကို Blockchain ကနေ ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Stash Box NFT တွေကို Gala ရဲ့ Music Store အသစ်မှာ ရောင်းချပေးထားပါတယ်။
Snoop Dogg က NFT တွေကို အကန့်အသတ်နဲ့ ၂၅,၀၀၀ ပဲ ရောင်းချမှာ ဖြစ်ပြီး ၁ ခုစီမှာ Bacc On Death Row က သီချင်း ၁ ပုဒ်စီ ထည့်သွင်းပေးထားပါတယ်။ NFT ၁ ခုကို ဒေါ်လာ ၅,၀၀၀ သတ်မှတ်ထားပြီး Stash Box NFT ၈,၀၀၀ ကျော် ရောင်းချထားပြီးပါပြီ။ လက်ရှိ အချိန်အထိ NFT ၁၆,၁၃၇ ကျန်နေသေးပြီး ၈,၈၆၃ ခု ရောင်းချထားပြီးပါပြီ။ ဒေါ်လာ တန်ဖိုးအားဖြင့် အနည်းဆုံး ၄၄.၃ သန်း ရောင်းချထားပြီးပါပြီ။ ရောင်းချမှုကို ဒီလ ၁၈ ရက်နေ့မှာ ရပ်နားမှာ ဖြစ်ပြီး ၂၅,၀၀၀ လုံး ရောင်းချနိုင်ရင် ဒေါ်လာ ၁၂၅ သန်း ရရှိမှာ ဖြစ်ပါတယ်။
Snoop Dogg ရဲ့ NFT နယ်ပယ်မှာ အောင်မြင်မှုကို ကြည့်ရင် အနုပညာရှင်တွေဟာ သူတို့ရဲ့ နယ်ပယ်ကထက် NFT နယ်ပယ်ကနေ ဝင်ငွေ ပိုကောင်းလာတယ်ဆိုတာ သက်သေပြနေပါတယ်။ နာမည်ကျော် DJ Steve Aoki ဟာ NFT နယ်ပယ်မှာ အောင်မြင်နေတဲ့ အနုပညာရှင် ၁ ယောက် ဖြစ်ပြီး မကြာခင်က ပြုလုပ်ခဲ့တဲ့ Gala ဂီတပွဲ ၁ ခုမှာ သူက သီချင်းတွေ ဖန်တီးခဲ့တဲ့ ၁၀ စုနှစ် ၁ ခုလုံးက ရတဲ့ ဝင်ငွေထက် NFT တွေကနေ ရတဲ့ ဝင်ငွေက ပိုများတယ်လို့ ပြောကြားခဲ့ပါတယ်။
Snoop Dogg ဟာ Gala Music နဲ့ ပူးပေါင်းကာ ပြီးခဲ့တဲ့ လတွေအတွင်း NFT စီမံကိန်းများစွာကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ Journey with the Dogg Collection ကို Crypto.com ကနေ ရောင်းချခဲ့ပြီး Solana နဲ့ ပူးပေါင်းကာ ဒီဇင်ဘာလမှာ NFT ၉,၉၉၉ ခုကို ရောင်းချခဲ့ပါတယ်။ ဒီဇင်ဘာလမှာ Decentral Eyes Dog NFT ကို NFT ပလက်ဖောင်း SuperRare ကနေ ရောင်းချခဲ့ပါတယ်။
Ref : musicbusinessworldwide