Non-fungible Token (NFT) တွေဟာ အားကစား နယ်ပယ်မှာ ဝင်ငွေများစွာ ရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေမှာ ဖြစ်ပြီး အားကစား Fans တွေဟာ သူတို့ နှစ်သက်တဲ့ အသင်းတွေ၊ အားကစားသမားတွေနဲ့ ပိုမိုထိတွေ့ဆက်ဆံလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Fans တွေဟာ သမိုင်းတွင်တဲ့ အားကစား လောကက ပုံရိပ်တွေကို NFT အနေနဲ့ သိမ်းဆည်းနိုင်မှာပါ။ Fans တွေဟာ အားကစားနဲ့ ပတ်သက်တဲ့ Collectible တွေကို အမြဲ စုဆောင်းလေ့ရှိကြပြီး NFT ဟာ အဲဒီလို စုဆောင်းနိုင်တဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်လာမှာပါ။

Most Expensive Sports NFTs in the World | Stadium Talk

Deloitte ရဲ့ မကြာခင်က စစ်တမ်းအရ အားကစား Fans ၅ သန်းလောက်ဟာ ၂၀၂၂ ခုနှစ်မှာ NFT တွေကို ဝယ်ယူကြ သို့မဟုတ် လက်ဆောင်ရကြမယ်လို့ သိရပါတယ်။ Limited Edition Video Clip တွေနဲ့ Player Card တွေကို အများဆုံး ဝယ်ယူစုဆောင်းကြမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အားကစား NFT တွေ ဒေါ်လာ ၂ ဘီလီယမ်ကျော်ဖိုး ရောင်းချရမယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

Sports NFTs are popular, but are they a winning investment? - CBS News

အားကစား NFT တွေ ရောင်းချရတဲ့ ငွေပမာဏဟာ ၂၀၂၂ ခုနှစ်မှာ ၂၀၂၁ ခုနှစ်ကထက် ၂ ဆ တိုးတက်လာမှာ ဖြစ်ပြီး Deloitte က ၂၀၂၂ ခုနှစ်အကုန်မှာ တစ်ကမ္ဘာလုံးက အားကစား Fans ၄ သန်း ကနေ ၅ သန်းအထိဟာ NFT တွေကို ဝယ်ယူကြမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

Deloitte က NFT ဈေးကွက် ကြီးမားကျယ်ပြန့်လာတာကြောင့် အားကစား NFT တွေကို လူတွေ ပိုမို စိတ်ဝင်စားကြမယ်လို့ ပြောပါတယ်။ အားကစား NFT တွေရဲ့ တန်ဖိုးဟာ အားကစားသမားရဲ့ ဂုဏ်သတင်းကြီးမှု၊ အားကစားပွဲရဲ့ အရေးကြီးမှုတို့ အပေါ်မူတည်မှာ ဖြစ်ပါတယ်။

Ref : prnewswire