အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ NFT တွေ ရောင်းချကာ ဝင်ငွေကောင်းနေတဲ့ မျိုးဆက်သစ်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန် ပြည်ထောင်စု လူဝစ်စီယားနားက အသက် ၁၅ နှစ်အရွယ် Mya Parker အမည်ရ ဆယ်ကျော်သက် မိန်းကလေးလည်း ပါဝင်လာပါပြီ။

Meet the 15-year-old Louisiana girl who made $10,000 selling her digital art as NFTs | Business | theadvocate.com

Zachary High ကျောင်းသူ ဖြစ်တဲ့ Mya Parker ဟာ အနုပညာ ဖန်တီးရတာ ဝါသနာ ပါသူ ဖြစ်ပြီး သူမရဲ့ အနုပညာ လက်ရာတွေကို NFT အဖြစ် အသွင်ပြောင်းကာ ရောင်းချနေတာ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ သူမဟာ ဒေါ်လာ ၁၀,၀၀၀ ကျော်ဖိုး NFT ပန်းချီကားတွေကို အွန်လိုင်းမှာ ရောင်းချထားပြီးပါပြီ။ သူမက NFT လုပ်ငန်းက ရတဲ့ ဝင်ငွေဟာ အသက်မွေးဝမ်းကျောင်းဖို့အတွက်ထက်တောင် ပိုပါသေးတယ်လို့ ပြောပါတယ်။

Meet the 15-year-old Louisiana girl who made $10,000 selling her digital art as NFTs | Business | theadvocate.com

NFT or Non-fungible Token ဟာ ပန်းချီ၊ ဗီဒီယိုတွေလို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာမှာ မှတ်တမ်းတင် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ပိုင်ဆိုင်သူကို NFT နဲ့ ချိတ်ဆက်ထားပြီး တစ်ကမ္ဘာလုံးက ကွန်ပြူတာတွေမှာ သိမ်းဆည်းထားတာကြောင့် ဆုံးရှုံးတာ ၊ ပျက်ဆီးတာတွေ မဖြစ်နိုင်ပါဘူး။

Mya ရဲ့ ပန်းချီကား NFT တွေဟာ NFT ဈေးကွက် OpenSea မှာ ဒေါ်လာ ၁၄၀,၀၀၀ လောက် တန်ကြေးရှိနေပါပြီ။ သူမဟာ စတိုင် မတူညီတဲ့ NFT ပေါင်း ၁၀၀ ဝန်းကျင် ဖန်တီးထားပြီး မကြာခင်က သူမ မိခင် ဝယ်ပေးထားတဲ့ iPad ကို အသုံးချကာ အနုပညာစွမ်းရည်တွေ တိုးတက်အောင် လေ့လာနေပါတယ်။

Ref : worldface.uk