မင်းသားကြီး စတားလုံးဟာ NFT ကြိုးဝိုင်းထဲ ဝင်ရောက်လာပြီး ဘယ်လို အလဲထိုးပြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။ သူ့ ဘဝနဲ့ ရုပ်ရှင် မင်းသား ဘဝကို ဖော်ညွှန်းထားတဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာပေါင်း ၉,၉၉၇ ခု ပါတဲ့ PlanetSly NFT Collection ကို ရောင်းချတော့မှာပါ။

Sylvester Stallone

တချို့ NFT တွေကို ဝယ်ယူသူတွေဟာ စတားလုံးနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ အထူး အခွင့်အရေးတွေကို ရမှာ ဖြစ်ပြီး အဲဒီအထဲမှာ ဟောလီးဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားကြီးနဲ့ ညစာစားတာ၊ ရုပ်ရှင် ကြည့်တာ၊ ပွဲတွေ တက်ရတာတွေ ပါဝင်ပါတယ်။

Sylvester Stallone Launching "PlanetSLY" NFT Collection - The FPS Review

အဲဒီ NFT Collection ကို ဧပြီလမှာ ရောင်းချမှာ ဖြစ်ပြီး Blockchain အခြေပြုနဲ့ Real Life (IRL) Collectibles တွေ ပါဝင်ပါတယ်။ PlanetSly ဟာ Fans တွေ၊ စုဆောင်းသူတွေနဲ့ NFT ဝါသနာရှင်တွေအတွက် မင်းသားကြီးရဲ့ NFT Community ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။

အဲဒီ NFT တွေကို SLYguys လို့ နာမည်ပေးထားပြီး Invitation-only နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ဝယ်ယူချင်သူတွေဟာ စတားလုံးရဲ့ Fan အစစ်ဖြစ်ကြောင်း သက်သေပြတဲ့ ဗီဒီယိုတွေကို TikTok, Instagram, Twitter နဲ့ တခြား လူမှုကွန်ရက်တွေမှာ တင်ရမှာ ဖြစ်ပါတယ်။ ဧပြီလမှာ NFT ၉,၉၉၇ ခုကို Ethereum Blockchain ကနေ ရောင်းချမှာ ဖြစ်ပြီး အရှားပါးဆုံး NFT ၂၅ ခုကို စတားလုံးက လက်မှတ်ထိုးပေးထားမှာ ဖြစ်ပါတယ်။

Ref : deadline.com