NFT တွေဟာ ဒစ်ဂျစ်တယ် အနုပညာရှင်တွေအတွက် အခွင့်အလမ်း အသစ်များစွာကို ဖြစ်ပေါ်လာစေပါတယ်။ ဥပမာ ပြရရင် အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ယောက်ဟာ လည်တံရှည် အမျိုးသမီး ပုံတွေ ရောင်းချကာ သန်းကြွယ်သူဌေး ဖြစ်လာပါတယ်။ သူမရဲ့ အမည်က Nyla Hayes ဖြစ်ပြီး သူမ ရေးဆွဲထားတဲ့ NFT တွေထဲမှာ အမေရိကန် သမ္မတ ကတော်ဟောင်း Michelle Obama, Lucille Ball, Ruth Bader Ginsburg တို့ ပါဝင်ပါတယ်။
Hayes ရဲ့ NFT တွေကို ဝက်ဘ်ဆိုက် ၁ ခုမှာ ရောင်းချနေပြီး Bitcoin (BTC) ၊ တခြား Cryptocurrency တွေနဲ့ ဝယ်ယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ လကပဲ သူမရဲ့ လည်တံရှည် အနုပညာလက်ရာကို Instagram မှာ ဒေါ်လာ ၆,၆၂၁.၇၀ နဲ့ ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလတုန်းကလည်း NFT ၁ ခုကို ဒေါ်လာ ၄,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက အမျိုးသမီး ၃,၃၃၃ ယောက်ပါတဲ့ NFT Collection ၁ ခုကို 4 ETH နဲ့ ရောင်းချနိုင်ခဲ့ကာ ဒေါ်လာ အားဖြင့် ၁၁,၇၃၈ တန်ကြေးရှိပါတယ်။ သူမဟာ လက်ရှိ အချိန်အထိ ဒေါ်လာ ၇ သန်းဖိုး NFT တွေကို ရောင်းချထားနိုင်ပါပြီ။
အနုပညာ အရည်အချင်း ပြည့်ဝတဲ့ သူမကို Time Magazine ရဲ့ web3 နဲ့ မီဒီယာ အစီအစဉ် အသစ် ဖြစ်တဲ့ TimePieces အတွက် ရွေးချယ်ခံခဲ့ရသလို Time’s Women of the Year Cover Photo မှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ NFL.NYC က Emerging Artist of the Year အတွက် ရွေးချယ်ခဲ့ပါတယ်။
Ref : thecoinrepublic