Australia Cricket ဟာ ဒေါ်လာ သန်းနဲ့ချီတဲ့ ဈေးကွက်ကြီး ဖြစ်တဲ့ NFT နယ်ပယ်ထဲကို ဝင်ရောက်လာပါပြီ။ Cricket Australia (CA) နဲ့ Australian Cricketers Association (ACA) တို့က စင်ကာပူ အခြေစိုက် Collectible ပလက်ဖောင်း Rario ၊ NFT အရောင်းအဝယ်ပြုလုပ်တဲ့ ကုမ္ပဏီ BlockTrust တို့နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပြီး Cricket ဝါသနာရှင်တွေအတွက် Australia Cricket လောကရဲ့ အမှတ်တရ အရှိဆုံး ပုံရိပ် NFT တွေကို ဝယ်ယူနိုင်၊ အရောင်းအဝယ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
A bold new way to celebrate the rich history of Australian cricket 🙌
Join us as we embark on this exciting venture with the @ACA_Players, @rariohq and @BlockTrustNFT
— Cricket Australia (@CricketAus) April 13, 2022
NFT ဆိုတာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာနဲ့ မှတ်သားထားတဲ့အတွက် ခိုင်မာမှု ရှိပါတယ်။ သမားရိုးကျ အားကစား Collectible တွေဟာ ဓါတ်ပုံတွေ ပါတဲ့ Trading ကဒ်လိုမျိုးတွေ ဖြစ်ပြီး NFT မှာတော့ လှုပ်ရှားနေတဲ့ ရုပ်ပုံတွေနဲ့ အစီအစဉ် ကြေညာတဲ့ အသံတွေပါ ထည့်သွင်းနိုင်ပါတယ်။
အားကစား NFT တွေရဲ့ တန်ဖိုးကို ဈေးကွက် ဝယ်လိုအားက သတ်မှတ်မှာ ဖြစ်ပါတယ်။ CA နဲ့ ACA တို့ရဲ့ သဘောတူညီချက်အရ Cricket NFT တွေကနေ ရတဲ့ ဝင်ငွေကို အတိတ်နဲ့ လက်ရှိ ကစားသမားတွေ မျှဝေရရှိကြမှာ ဖြစ်ပေမယ့် Cricket Australia က သဘောတူညီချက် အသေးစိတ်ကို မပြောသေးပါဘူး။
NFT တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရှိန်အဟုန်နဲ့ ရေပန်းစားလာပြီး တချို့ဆိုရင် ဒေါ်လာ သန်းနဲ့ချီကာ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ Basketball, Formula One နဲ့ ဘောလုံးတို့လို အားကစားတွေဟာ NFT နယ်ပယ်ထဲ ဝင်ရောက်နေကြပါပြီ။ Australian Football League ကလည်း ပြီးခဲ့တဲ့ ၁ ပတ်မှာ အလားတူ လိုင်စင် သဘောတူညီချက် အသေးစိတ်ကို ကြေညာခဲ့ပါတယ်။
Ref : cricket.com.au