ဂျပန်ရဲ့ လူသုံးအများဆုံး လူမှုကွန်ရက် Application ဖြစ်တဲ့ Line က Line NFT လို့ခေါ်တဲ့ NFT Marketplace ကို ပြုလုပ်ပေးလိုက်ပါတယ်။ Yoshimoto Kogyo ၊ LVC Corporation တို့နဲ့ ပူးပေါင်း ဖန်တီးပေးလိုက်တာ ဖြစ်ပြီး Line ရဲ့ Crypto နဲ့ Blockchain Manager မှာ User သန်း ၉၀ အတွက် မတူညီတဲ့ NFT ပေါင်း ၄၀,၀၀၀ ကို ရောင်းချမှာ ဖြစ်ပါတယ်။

မကြာခင် ဖြန့်ချိမယ့် ပထမအသုတ် NFT တွေထဲမှာ ကုမ္ပဏီရဲ့ Yoshimoto NFT Theatre နဲ့ နာမည်ကြီး Anime Series Patlabor the Mobile Police က ဇာတ်ကောင်တွေ ပါဝင်မှာ ဖြစ်ပြီး လာမယ့် လတွေအတွင်း NFT အသစ်တွေကို ရောင်းချမှာ ဖြစ်ပါတယ်။

Japan's most popular social messaging app Line adds NFT marketplace

User တွေဟာ Crypto-exchange BitMax နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ထုတ်ကုန် ဖြစ်တဲ့ Line BitMa Wallet မှာ ဝယ်ယူထားတဲ့ NFT တွေကို သိမ်းဆည်းနိုင်မှာပါ။ Line App မှာ Line Pay ရဲ့ အွန်လိုင်းစတိုးတွေမှာ LINK(LN) Token နဲ့ ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုကို ဒီနှစ် အစောပိုင်းက ပြုလုပ်ပေးခဲ့ပြီးနောက်မှာ အခုတော့ Crypto လုပ်ဆောင်ချက် အသစ်တွေကို ထပ်မံ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

Line ဟာ ဂျပန်မှာ Cryptocurrency နဲ့ Blockchain နည်းပညာကို အစောဆုံး အသုံးပြုတဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ကိုယ်ပိုင် Crypto Exchange ကို ပြုလုပ်ပေးခဲ့ပါတယ်။

ဂျပန် အစိုးရက Crypto နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို တင်းကြပ်ထားပေမယ့် NFT တွေဟာ ဂျပန်မှာ အလျှင်အမြန် ရေပန်းစားလာနေပါတယ်။ ဒီနှစ် အစောပိုင်းမှာ ဂျပန် အွန်လိုင်း စီးပွားရေး လုပ်ငန်း Rakuten က ကိုယ်ပိုင် NFT အရောင်းအဝယ် ပြုလုပ်တဲ့ ပလက်ဖောင်း Rakuten NFT ကို ကြေညာခဲ့ပါတယ်။

Ref : cointelegraph