Crypto အရောင်းအဝယ်ပြုလုပ်တဲ့ eToro က NFT တွေ ဝယ်ယူဖို့နဲ့ ဖန်တီးသူတွေကို ကူညီဖို့ ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှပ်နှံလိုက်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုင်ယာမီရှိ The Bass အနုပညာ ပြတိုက်မှာ ကြေညာလိုက်ပါတယ်။
အခုလို ရင်းနှီးမြှပ်နှံမှုဟာ NFT ဖန်တီးသူတွေနဲ့ Brand တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ eToro.art စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
eToro ရဲ့ အမေရိကန်မှ Managing Director ဖြစ်သူ Guy Hirsch က အခု ရင်းနှီးမြှပ်နှံမှုဟာ ကုမ္ပဏီရဲ့ NFT နည်းဗျူဟာအတွက် အစောဆုံး ခြေလှမ်း ဖြစ်ပြီး ကုမ္ပဏီဟာ ရေပန်းစားလာတဲ့ NFT စီးပွားရေး လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံသူတွေအတွက် ဝန်ဆောင်မှုများစွာ ပေးမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
NFT or Non-fungible Token ဟာ အနုပညာလက်ရာ၊ သီချင်းနဲ့ အိမ်၊ ခြံ ၊ မြေတို့လို တကယ့် ကမ္ဘာကို ကိုယ်စားပြုတဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပုံတူပွားလို့ မရပါဘူး။
Hirsch က “ Bitcoin နဲ့ Ether တို့ မတိုင်ခင်က Crypto မှာ ရင်းနှီးမြှပ်နှံသူဆိုလို့ Goldman Sachs နဲ့ တချို့ လုပ်ငန်းရှင်တွေပဲရှိပါတယ်။ NFT တွေကြောင့် လူတိုင်း၊ Brand တိုင်းဟာ ဒီဈေးကွက်မှာ ပါဝင်လာနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
စီမံကိန်း အစပိုင်း အနေနဲ့ eToro ဟာ Bored Ape Yacht Club, CryptoPunks နဲ့ World of Women တို့ အပါအဝင် နာမည်ကြီး စီမံကိန်းတွေ ပါတဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာ Collection ကို ပြသလိုက်ပါတယ်။ ဒါ့အပြင် eToro ဟာ ဒီနှစ်ထဲမှာ ဈေးကွက်ထဲကို NFT တွေ ရောက်ရှိလာဖို့ ဖန်တီးသူတွေနဲ့ Brand တွေကို ဒေါ်လာ ၁၀ သန်း ကူညီဖို့ စီစဉ်ထားပါတယ်။
Ref : cnbc