NFT လို့ ခေါ်ဆိုတဲ့ Non-fungible Token တွေဟာ လက်ရှိအချိန်မှာ ရေပန်းစားနေမှုမြင့်တက်လာပြီးတော့ Celebrity တွေ၊ Tech Industry တွေအကုန်လုံးကလည်း လိုက်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ ကိုယ်က Artist တစ်ယောက်ဖြစ်နေပြီး ကိုယ်တိုင် NFT တွေကို ဖန်တီးပြီး ရောင်းချချင်တယ်ဆိုရင် လက်ရှိမှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ NFT Marketplace တွေကို ဖော်ပြပေးလိုက်ပါတယ်။

OpenSea

OpenSea ကတော့ အကြီးမားဆုံး NFT Marketplace တစ်ခုလို့တောင် ပြောနိုင်ပြီး NFT ဖန်တီးတာကနေစပြီး ရောင်းချမှုတွေ၊ ဝယ်ယူမှုတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် OpenSea ကို NFT တွေအတွက် “ebay” လို့တောင် ခေါ်ဆိုနေကြတာဖြစ်ပါတယ်။ OpenSea မှာဆိုရင် User ပေါင်း ၆ သိန်းကျော်၊ Collection ပေါင်း ၂ သန်းကျော်နဲ့ NFT ပေါင်း သန်း ၈၀ ကျော်ရှိနေပြီးတော့ အခုမှစတင်ပြီး NFT ကို လေ့လာဖန်တီးရောင်းချဖို့အတွက် အကောင်းဆုံး Marketplace တစ်ခုဖြစ်ပါတယ်။

Rarible

Rarible ကတော့ OpenSea ပြီးရင် နောက်ထပ်အောင်မြင်တဲ့ NFT Marketplace တစ်ခုဖြစ်ပါတယ်။ Rarible မှာဆိုရင် Homepage မှာတင် အရောင်းရဆုံး Top Seller တွေနဲ့ NFT Art Collection တွေကို ဖော်ပြထားမှာဖြစ်သလို NFT တွေကိုလည်း Categories အလိုက် ခွဲခြားရှာဖွေနိုင်မှာပါ။ ဒီ Rarible ရဲ့ ထူးခြားချက်ကတော့ NFT တွေကို Fixed Price အနေနဲ့ရောင်းချနိုင်သလို လေလံအနေနဲ့လည်း ရောင်းချနိုင်မှာဖြစ်ပါတယ်။

Foundation

Foundation ကတော့ အစောပိုင်းက ပြောသွားတဲ့ NFT Marketplace တွေနဲ့ မတူညီဘဲ လူတိုင်းဝင်ရောက်အသုံးပြုနိုင်မှာမဟုတ်ဘဲ Invite-only Platform တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် ဝင်ရောက်ဖို့ကိုပဲ Foundation ထဲမှာ Member ဖြစ်နေပြီးတဲ့ User ကနေ Invite ပြုလုပ်ပေးဖို့ လိုအပ်မှာပါ။ Invite ပြုလုပ်ဖို့အတွက်လည်း အနည်းဆုံး NFT တစ်ခုရောင်းချထားပြီးမှပဲ Invite ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Indian Express