NFT ဖန်တီးသူနဲ့ စုဆောင်းသူတွေဟာ သူတို့ရဲ့ Token တွေကို Instagram မှာ မကြာခင် ပြသလို့ရတော့မှာ ဖြစ်ပါတယ်။ Meta CEO Mark Zuckerberg က ကုမ္ပဏီဟာ Instagram မှာ NFT တွေကို စမ်းသပ်တော့မှာ ဖြစ်ပြီး အလားတူလုပ်ဆောင်ချက်ကို မကြာခင် Facebook မှာ ရတော့မယ်လို့ ပို့စ် ၁ ခုကနေ အတည်ပြုလိုက်ပါတယ်။
Instagram အကြီးအကဲ Adam Mosseri က အမေရိကန်က User တချို့ဟာ NFT တွေကို သူတို့ရဲ့ Feed, Stories နဲ့ Message တွေမှာ ပြသလို့ရတော့မယ်လို့ ဗီဒီယို ၁ ခုမှာ ပြောကြားလိုက်ပါတယ်။ NFT ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို Tagged Profiles နဲ့ Products တွေမှာလို ပြသထားမှာ ဖြစ်ပြီး “Digital Collectibles” လို့ အမည်ပေးထားမှာပါ။ Tag ကို နှိပ်ရင် ဖန်တီးသူနဲ့ ပိုင်ရှင်တို့ရဲ့ အမည်လို သတင်းအချက်အလက်တွေကို မြင်ရမှာပါ။
NFTs on Instagram 🎉
This week we’re beginning to test digital collectibles with a handful of US creators and collectors who will be able to share NFTs on Instagram. There will be no fees associated with posting or sharing a digital collectible on IG.
See you next week! ✌🏼 pic.twitter.com/VuJbMVSBDr
— Adam Mosseri (@mosseri) May 9, 2022
Mosseri က Community ဆီကနေ လေ့လာသင်ယူဖို့ အခု စမ်းသပ်မှုကို အကျဉ်းချုံးပြီး ပြုလုပ်ထားတာလို့ ပြောပါတယ်။ Ethereum နဲ့ Polygon Blockchain က NFT တွေကို အစောပိုင်းမှာ ထောက်ပံ့ထားပြီး Solana နဲ့ Flow တို့ကို မကြာခင် ထောက်ပံ့မယ်လို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Christine Pai က ပြောပါတယ်။
Mosseri က Instagram မှာ NFT ကို ထောက်ပံ့လိုက်တာဟာ လူတော်တော်များများအတွက် အဲဒီ နည်းပညာကို မိတ်ဆက်ပေးနိုင်မယ်လို့ ပြောပါတယ်။ Instagram ဟာ NFT တွေကို ထောက်ပံ့တဲ့ ပထမဆုံး လူမှုကွန်ရက် ပလက်ဖောင်း မဟုတ်ပါဘူး။ ဇန်နဝါရီလမှာ တွစ်တာက NFT တွေကို ပရိုဖိုင် ဓါတ်ပုံအဖြစ် တင်နိုင်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။
Ref : theverge