NFT ရောင်းအားဟာ အရင်နှစ် ရောင်းအားအကောင်းဆုံး အချိန်ကတည်းကနေ အခုလက်ရှိအချိန်မှာ ၉၂ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ The Wall Street Journal က ပြုလုပ်တဲ့ စစ်တမ်းအရ NFT နေ့စဉ် ပျမ်းမျှရောင်းအားဟာ စက်တင်ဘာလမှာ ၂၂၅,၀၀၀ ရှိရာကနေ ဒီ ၁ ပတ်ထဲမှာ ၁၉,၀၀၀ လောက်ပဲ ရှိပါတော့တယ်။

NFT Sales Declined 92% Since Its Peak in September 2021

NFT ဈေးကွက်မှ Active Wallet အရေအတွက်ဟာလည်း သိသိသာသာကျဆင်းသွားပြီး စစ်တမ်းအရ နိုဝင်ဘာလမှာ ၁၁၉,၀၀၀ ရှိရာကနေ ပြီးခဲ့တဲ့ ၁ ပတ်မှာ ၁၄,၀၀၀ ပဲရှိပါတော့တယ်။ NFT ကို စိတ်ဝင်စားမှုဟာလည်း သိသိသာသာ ကျဆင်းသွားတယ်လို့ စစ်တမ်းက ပြောပါတယ်။ Google Trends အရ NFT ကို ရှာဖွေမှုဟာ ဇန်နဝါရီလမှာ အများဆုံး ဖြစ်ခဲ့ပြီး လက်ရှိမှာ ၈၀ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။

Media: NFT sales collapsed by 92% compared to September peaks - California18

NFT ဟာ Blockchain မှာ သိမ်းထားတဲ့ ဖလှယ်လို့ မရတဲ့ ဒေတာဖြစ်ပြီး User တွေဟာ In-game Item နဲ့ အနုပညာလက်ရာတို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေကို ဝယ်ယူနိုင်၊ ရောင်းချနိုင်ပါတယ်။ NFT ဟာ ပြီးခဲ့တဲ့နှစ်မှာ ရေပန်းစားလာပြီး Nike နဲ့ McDonald လို နာမည်ကြီး ကုမ္ပဏီတွေ၊ နာမည်ကျော်ကြားလူသိများသူတွေဟာ NFT တွေကို ရောင်းချလာကြပါတယ်။

Konami နဲ့ Atari အပါအဝင် ဂိမ်း ကုမ္ပဏီများစွာဟာလည်း ဒစ်ဂျစ်တယ် ပစ္စည်းတွေကို NFT အဖြစ် ရောင်းချလာကြပါတယ်။

အခုတော့ The Wall Street Journal ရဲ့ စစ်တမ်းအရ NFT ပိုင်ရှင်များစွာက ရင်းနှီးမြှပ်နှံရတာ မထိုက်တန်ဘူးလို့ ထင်မြင်ယူဆလာကြပါတယ်။

Ref : videogameschronicle