Pop ဂီတကြယ်ပွင့် Madonna ဟာ ဒစ်ဂျစ်တယ် အနုပညာရှင် Beeple နဲ့ပူးပေါင်းကာ ဖန်တီးထားတဲ့ ဗီဒီယို NFT ၃ ခုကို ကြေညာလိုက်ပါတယ်။ အဲဒီ ဗီဒီယိုတွေမှာ Madonna ကလေး မွေးဖွားနေတဲ့ CGI တွေ ပါဝင်ပြီး “Mother of Creation” လို့ နာမည်ပေးထားပါတယ်။
INSANELY HONORED to have collaborated with @Madonna on this project. Excited for the world to see this one… 🙏🙏🙏 https://t.co/Tt2g0O1bqm
— beeple (@beeple) May 9, 2022
လက်ရှိ တွစ်တာ ပရိုဖိုင်ဓါတ်ပုံကို သူမရဲ့ Bored Ape Yacht Club NFT တင်ထားတဲ့ Madonna က သူမနဲ့ Beeple တို့ဟာ ပထမဆုံး NFT ကို ၁ နှစ်အကြာက စတင် ဖန်တီးခဲ့ကြတာလို့ ပြောပါတယ်။
Madonna က “ တီထွင်ဖန်တီးမှု ၊ မိခင်ဘဝနဲ့ ပတ်သက်တဲ့ အနုပညာလက်ရာကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ NFT တွေကို SuperRare ကနေ လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
သူမက “ ဗီဒီယိုတိုင်းရဲ့ အစပိုင်းမှာ ကျွန်မ ကလေးမွေးနေတာကို ပြသထားပါတယ်။ ဒါဟာ ဟိုးအရင်ကတည်းက အမျိုးသမီးတွေ ပြုလုပ်ကြတဲ့အရာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ကျွန်မဟာ အနုပညာနဲ့ တီထွင်ဖန်တီးမှုတွေကို မွေးဖွားလိုက်တာ ဖြစ်ပါတယ်။ “ လို့ ရှင်းပြပါတယ်။
စီမံကိန်းရဲ့ ဝက်ဘ်ဆိုက်မှာ အဲဒီ NFT တွေ ရောင်းချရတဲ့ ငွေတွေကို ပရဟိတ အဖွဲ့အစည်း ၃ ခု ဖြစ်တဲ့ The Voices of Children Foundation, The City of Joy နဲ့ Black Mama’s Bail Out ကို လှူဒါန်းမှာ ဖြစ်ပါတယ်။
Ref : decrypt