NBA ချန်ပီယံ ၃ ကြိမ်ရဖူးပြီး အခုတော့ အနားယူသွားပြီ ဖြစ်တဲ့ Dwyane Wade ဟာ မီဒီယာ ကုမ္ပဏီတွေနဲ့ စားသုံးသူ ထုတ်ကုန် လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံထားပါတယ်။ အသက် ၄၀ အရွယ်ရှိပြီ ဖြစ်တဲ့ Wade ဟာ အားကစား အသင်း ၂ ခုမှာလည်း ရင်းနှီးမြှပ်နှံထားပြီး တီဗီရှိုး ၁ ခုမှာလည်း Host လုပ်နေပါတယ်။ အခုတော့ သူဟာ NFT နယ်ပယ်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
သူက “ ကျွန်တော်ဟာ အခွင့်အရေးတွေကို အမြဲတမ်း ရယူတတ်ပါတယ်။ ကျွန်တော်ဟာ လူတိုင်းနဲ့ မတူဘဲ ကွဲပြားခြားနားတဲ့ အလုပ်တွေကို ပြုလုပ်တတ်တဲ့ လူတစ်ယောက်ပါ။ “ လို့ CNBC နဲ့ အင်တာဗျူး ၁ ခုမှာ ပြောခဲ့ဖူးပါတယ်။
Wade ဟာ Budweiser Zero နဲ့ ပူးပေါင်းကာ NFT Collection ၁ ခုကို ဖန်တီးနေပြီး မေလ ၂၄ ရက်နေ့ ရောင်းချမှာပါ။ သူဟာ ၂၀၂၀ ခုနှစ်မှာ Alcohol-and Sugar-free ယမကာကို ပူးတွဲ ထုတ်လုပ်ခဲ့ပါတယ်။ အခု NFT တွေကို ၁ ခုလျှင် ၁၈၀ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး ဝယ်ယူသူတွေဟာ Wade လက်မှတ်ထိုးထားတဲ့ ဖိနပ်နဲ့ Utah Jazz Game ကို သူနဲ့အတူ ကြည့်ခွင့်တို့ အပါအဝင် ဆုလက်ဆောင်တွေ ရရှိမှာပါ။
သူက “ NFT တွေဟာ Fan တွေ တိုးပွားအောင် ပြုလုပ်နိုင်ပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိစေမှာပါ။ Fan တွေအတွက် တစ်မူထူးခြားတဲ့ အရသာကို ခံစားရမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : cnbc