အဆိုတော်တွေနဲ့ Superfans တွေကို ချိတ်ဆက်ပေးတဲ့ ပလက်ဖောင်း SingSing ဟာ Music NFT ကို ကြေညာလိုက်ပါတယ်။ အဲဒီ ပလက်ဖောင်းဟာ သီချင်း လောကကို ဆန်းသစ်စေမှာ ဖြစ်ပြီး အဆိုတော်တွေနဲ့ Fans တွေ ပိုမို ထိတွေ့ဆက်ဆံနိုင်မှာပါ။
NFT ဈေးကွက်ဟာ မကြာခင်က အရမ်းကို တိုးတက်လာပြီး ၂၀၂၁ ခုနှစ်မှာ ၄၀၀၀ ရာခိုင်နှုန်းတောင် မြင့်မားခဲ့ပါတယ်။ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၂၅ ဘီလီယမ်ရှိတယ်လို့ Reuters က ပြောပါတယ်။ SingSing ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ NFT Avatar နဲ့ NFT Collectibles တွေဟာ စုစုပေါင်း ပမာဏရဲ့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။
“ ကျွန်တော်တို့ အဆိုတော်တွေအတွက် ဒါဟာ ကြီးမားတဲ့ အခွင့်အရေးလို့ မြင်ပြီး အဆိုတော်တွေအတွက် ဝင်ငွေ ပိုရနိုင်တဲ့ လမ်းကြောင်းတွေ ပေါ်လာတာ ဖြစ်ပါတယ်။ “ လို့ SingSing နဲ့ လက်တွဲထားတဲ့ ပထမဆုံး ရက်ပါတွေထဲက ၁ ယောက် ဖြစ်တဲ့ Lil Knight က ပြောပါတယ်။
SingSing ဟာ အမျိုးမျိုးသော အဆိုတော်တွေနဲ့ SuperFan တွေအတွက် Blockchain ပလက်ဖောင်း ၁ ခုကို တည်ဆောက်နေပြီး အဆိုတော်တွေနဲ့ Fans တွေ ပိုမို ထိတွေ့ဆက်ဆံနိုင်မှာ ဖြစ်သလို Fans တွေဟာ ဆုလက်ဆောင်တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဓိက ထုတ်ကုန်က SuperPass NFT ဖြစ်ပြီး SingSing ကမ္ဘာထဲဝင်ရောက်ဖို့ စွမ်းရည် အမြင့်ဆုံး Passport ဖြစ်ပါတယ်။ SuperPass နဲ့ဆိုရင် SuperFans တွေဟာ VIP ဧရိယာတွေထဲကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ Private Chat Room, Private Liveshow, Exclusive Content, VIP Ticket တွေ ပါဝင်ပါတယ်။
Ref : menafn