Cloud Software ကုမ္ပဏီကြီး Salesforce က NFT နယ်ပယ်ထဲ ဝင်ရောက်လာပါတယ်။ Customer Relationship Management Software တွေကို ရောင်းချနေတဲ့ Salesforce ဟာ Brands နဲ့ စီးပွားရေး လုပ်ငန်းတွေ NFT တွေကို ဖန်တီး ရောင်းချနိုင်တဲ့ NFT Cloud ပလက်ဖောင်းကို တည်ထောင်လိုက်ပါတယ်။
NFT Cloud မှာ Brand တွေဟာ Salesforce ရဲ့ Cloud အခြေပြု Tools တွေကို အသုံးပြုကာ NFT တွေကို ဖန်တီး ရောင်းချနိုင်မှာ ဖြစ်သလို အွန်လိုင်း Community တွေနဲ့ထိတွေ့ဆက်ဆံနိုင်မှာပါ။
NFT ဟာ ဒစ်ဂျစ်တယ် ပစ္စည်း ၁ ခုရဲ့ ပိုင်ဆိုင်သူကို သက်သေခံပေးတဲ့ Blockchain Token ဖြစ်ပါတယ်။ NFT လို့ဆိုရာမှာ ဒစ်ဂျစ်တယ် အနုပညာ ပစ္စည်းတွေ၊ ပရိုဖိုင် ဓါတ်ပုံတွေ၊ အားကစား Collectible တွေနဲ့ ဗီဒီယို ဂိမ်း Item တွေ ပါဝင်ပါတယ်။ ဒါ့အပြင် NFT တွေဟာ Brand တွေအပေါ် သစ္စာရှိမှုကို ပြသနိုင်ပြီး Private Web Community နဲ့ Real-world Event တွေကို Access ရခွင့်ရှိပါတယ်။
Salesforce ရဲ့ NFT Cloud ဟာ လက်ရှိမှာ စမ်းသပ် အစီအစဉ် ၁ ခု ဖြစ်ပြီး Customer တချို့ပဲ အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် အောက်တိုဘာလမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ NFT တွေ ရောင်းချဖို့ အသုံးပြုမယ့် Blockchain ပလက်ဖောင်းတွေကို Salesforce က မကြေညာသေးပါဘူး။
Ref : decrypt