Xiaomi 13 Series ကို နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာလ အစောပိုင်း တရုတ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi 13 Series ကို ကြေညာပြီးနောက်မှာ ကုမ္ပဏီဟာ Redmi K60 Series ကို ကြေညာဖို့ ပြင်ဆင်မှာပါ။ အဲဒီ Series မှာ အနည်းဆုံး မော်ဒယ် ၃ ခု ပါလာနိုင်ပြီး Redmi K60 , K60 Pro နဲ့ K60 Gaming တို့ ဖြစ်ပါတယ်။

Xiaomi Redmi K60 series to launch with a 2K display option, a 50 MP camera and a dual SoC strategy - NotebookCheck.net News

Photo – K50

အခုတော့ နာမည်ကြီး Tipster Digital Chat Station က Redmi K60 Series ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ Redmi K60 မှာ Sony IMX686 64MP Main ကင်မရာနဲ့ Redmi K60 Pro မှာ 50MP Main ကင်မရာတွေ ပါလာနိုင်ပါတယ်။ အရင်က Redmi K60 မှာ 48MP Main ကင်မရာ ပါလာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

Dimensity 8200 Chipset ကို အသုံးပြုလာမယ့် Xiaomi Redmi K60 – MyTech Myanmar

Photo – K50

Redmi K60 မှာ AMOLED မျက်နှာပြင်ပြား တပ်ဆင်ထားနိုင်ပြီး Punch Hole ပါလာနိုင်ပါတယ်။ Dimensity 8200 Chipset မောင်းနှင်ထားပြီး 67W Fast Charging ထောက်ပံ့တဲ့ 5,500mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပါတယ်။

Redmi K60 Pro မှာ ပိုကောင်းတဲ့ Chipset နဲ့ Main ကင်မရာ ပါလာနိုင်ပြီး အားသွင်းနှုန်း ပိုမြန်နိုင်ပါတယ်။ Redmi K60 Gaming မှာ 2K AMOLED မျက်နှာပြင်၊ Snapdragon 8 Gen 2 Chipset နဲ့ 100W Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။

Redmi K60 Series ကို တရုတ်မှာ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း ကြေညာနိုင်ပြီး တချို့ကို နိုင်ငံတကာမှာ POCO Device အနေနဲ့ ကြေညာနိုင်ပါတယ်။ K60 Gaming ကို တရုတ် ပြင်ပမှာ POCO F4 GT အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina