realme က နောက်ထွက်မယ့် 13 Pro နဲ့ 13 Pro+ စမတ်ဖုန်းတွေရဲ့ အဓိက ကင်မရာ သတင်းအချက်အလက် တချို့ကို အတည်ပြုလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ 50MP Sony LYTIA Sensor ၂ လုံးကို Main နဲ့ Zoom ကင်မရာတွေအတွက် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Realme 13 Pro and 13 Pro+ camera details officially confirmed -  GSMArena.com news

Main ကင်မရာမှာ 50MP LYT-701 Sensor ကို အသုံးပြုထားမှာ ဖြစ်ပြီး အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Stabilization ပါလာမလားဆိုတာလည်း မသိရသေးပါဘူး။

Zoom ကင်မရာမှာ 1/2″ LYT-600 Senror ပါလာမှာ ဖြစ်ပြီး 3x Zoom Lens ဖြစ်ပါတယ်။

Realme 13 Pro to launch soon in India: Camera, specs and more details  revealed | Mobile News

ကင်မရာတွေမှာ HYPERIMAGE+ Engine ထည့်သွင်းထားမှာ ဖြစ်ပြီး realme က ပရော်ဖက်ရှင်နယ် DSLR ကင်မရာတွေနဲ့ ဓါတ်ပုံ အရည်အသွေး ယှဉ်နိုင်တဲ့ အဆင့်မြင့် AI စွမ်းရည်လို့ ပြောပါတယ်။

realme က 13 Pro နဲ့ 13 Pro+ ဟာ အခြေအနေများစွာမှာ ပြိုင်စံရှားတဲ့  ဓါတ်ပုံ အရည်အသွေး ရစေပြီး Low-light Portrait Shots တွေ ကောင်းမွန်မယ်လို့ ပြောပါတယ်။

realme 13 Pro+ မှာ Snapdragon 7s Gen 3 SoC , 8GB or 12GB RAM နဲ့ 5,050mAh Battery ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေကို မကြာခင် အိန္ဒိယမှာ ကြေညာမှာပါ။

Ref : gsmarena