Samsung က အိန္ဒိယမှာ Galaxy M55s ကို ကြေညာလိုက်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး Thunder Black နဲ့ Coral Green အရောင်ထုတ်လုပ်ထားပါတယ်။ 128GB Storage ကို ၁၉,၉၉၉ ရူပီးနဲ့ 256GB ကို ၂၂,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

အဲဒီဖုန်းမှာ 6.7” 1080x2400p Super AMOLED Plus Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Samsung Galaxy M55s is official and confusing

Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပြီး 8GB RAM တပ်ဆင်ထားပါတယ်။ Storage ကို တိုးမြှင့်ဖို့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Samsung Galaxy M55s ရဲ့ အရွယ်အစား အပြည့်အစုံမှာ 163.9 x 76.5 x 7.8 mm ဖြစ်ပြီး အလေးချိန်မှာ ၁၈၀ ဂရမ် ဖြစ်ပါတယ်။ 45W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Android 14 အခြေပြု One UI  6.1 OS မောင်းနှင်ထားပါတယ်။ Galaxy M55s ရဲ့ Specs အားလုံးဟာ Galaxy M55 နဲ့ တူညီပြီး အနောက်ဘက် ဒီဇိုင်းပဲ ကွဲပြားပါတယ်။ Samsung က M55s ကို ဘာကြောင့် ထုတ်လုပ်ရောင်းချသလဲ ဆိုတာ စဉ်းစားရခက်ပါတယ်။

Ref : gsmarena