Xiaomi က Redmi Note 14 5G ကို တရုတ်မှာ ကြေညာလိုက်ပြီး အရင်မျိုးဆက်ထက် အနည်းငယ် တိုးတက်လာပါတယ်။ အဲဒီဖုန်းမှာ 6.67” OLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 2,100 Nits Peak Brightness ပါလာပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Redmi Note 14 5G officially released: Starting at 156 USD - XiaomiTime

50MP Main (OIS) , 2MP ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Redmi Note 14 5G officially released: Starting at 156 USD - XiaomiTime

Dimensity 7050 Processor မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ 45W Charging ထောက်ပံ့တဲ့ 5,110mAh Battery ပါလာပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Redmi Note 14 5G ရဲ့ 6/128GB ကို ၁၇၁ ဒေါ်လာ၊ 8/128GB ကို ၁၉၉ ဒေါ်လာနဲ့ 8/256GB ကို ၂၁၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 12/256GB ကို ၂၄၂ ဒေါ်လာ ကျသင့်မှာပါ။ Starry White, Midnight Black နဲ့ Phantom Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina