AI နည်းပညာရဲ့ အသက်ဖြစ်တဲ့ Machine Learning ကို ဦးဆောင်တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင် ၂ ယောက် ဖြစ်တဲ့ Geoffrey Hinton နဲ့ John Hopfield တို့ကို ရူပဗေဒ နိုဘယ်ဆု ချီးမြှင့်လိုက်ပါတယ်။ နိုဘယ်ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုန်းမှာ Royal Swedish Academy of Sciences က ကြေညာခဲ့တာ ဖြစ်ပါတယ်။

Getty Images A screen shows the laureates of the 2024 Nobel Prize in Physics, US physicist John J Hopfield (top L) and Canadian-British computer scientist and cognitive psychologist Geoffrey E Hinton as (bottom LtoR) Chair of the Nobel Committee for Physics Ellen Moons, Secretary General of the Royal Swedish Academy of Sciences Hans Ellegren and Member of the Nobel Committee for Physics Anders Irbaeck make the announcement at the Royal Swedish Academy of Sciences in Stockholm, Sweden on October 8, 2024. American John Hopfield and British-Canadian Geoffrey Hinton won the Nobel Prize in Physics on October 8, 2024 for pioneering work in the development of artificial intelligence

ဗြိတိန်-ကနေဒါ ပါမောက္ခ Hinton ဟာ “Godfather of AI” လို့ သတ်မှတ်ခံထားရပြီး သူက နိုဘယ်ဆု ရတဲ့အတွက် အလွန် အံ့အားသင့်သွားတယ်လို့ ပြောပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်မှာ Google ကနေ အလုပ်ထွက်ခဲ့ပြီး လူသားတွေထက် ဉာဏ်ရည်ပိုမြင့်လာနိုင်တဲ့ AI ရဲ့ အန္တရာယ်ကို သတင်းပေးပြောကြားခဲ့ပါတယ်။

Nobel physics prize awarded to 'godfather of AI' who warned the technology could end humanity | Science & Tech News | Sky News

အမေရိကန် ပါမောက္ခ John Hopfield ဟာ အသက် ၉၁ နှစ်ရှိပြီ ဖြစ်ပြီး အမေရိကန်မှ ပရင့်စတန် တက္ကသိုလ်မှာ ပါမောက္ခ တစ်ယောက် ဖြစ်ပါတယ်။ Hinton ဟာ အသက် ၇၆ နှစ် ရှိပြီ ဖြစ်ပြီး ကနေဒါမှ တိုရွန်တို တက္ကသိုလ်မှာ ပါမောက္ခ တစ်ယောက် ဖြစ်ပါတယ်။

Machine Learning ဟာ AI ရဲ့ အဓိက အသက်ဖြစ်ပြီး ကွန်ပြူတာဟာ သတင်းအချက်အလက်တွေ ထုတ်လုပ်ပေးဖို့ ကိုယ်တိုင် လေ့ကျင့်သင်ကြားနိုင်တာ ဖြစ်ပါတယ်။

နိုဘယ်ဆုရ ပညာရှင် ၂ ယောက်ဟာ ဆုငွေ စတာလင်ပေါင် ၈၁၀,၀၀၀ ကို ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

Ref: bbc