OnePlus 13 ကို တရုတ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကြေညာခဲ့ပြီး စွမ်းဆောင်ရည်နဲ့ ဈေးနှုန်း အပိုင်းမှာ အထင်ကြီးစရာကောင်းပါတယ်။ အခုတော့ OnePlus ရဲ့ ဥက္ကဌ Li Jie က OnePlus 13 ရဲ့ ပထမဆုံးရောင်းအားဟာ တော်တော်ကောင်းနေတယ်လို့ ပြောပါတယ်။
Li Jie က မိနစ် ၃၀ အတွင်း အလုံးရေ ၁၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး OnePlus ရဲ့ စွမ်းရည်မြင့် ဖုန်းတွေထဲမှာ စံချိန်တင် ရောင်းအားတယ်လို့ ပြောပါတယ်။ OnePlus 13 ရဲ့ 12GB/256GB ကို တရုတ်မှာ ၄,၄၉၉ ယွမ် (၆၃၀ ဒေါ်လာ)နဲ့ ရောင်းချထားပါတယ်။
ဒီနှစ်မှာ စွမ်းရည်မြင့် Android ဖုန်း ဈေးနှုန်းတွေ မြင့်မားလာတဲ့အကြောင်းကို Li Jie က “ ဖုန်းတွေရဲ့ အသုံးးခံမှုဟာ အချိန်ပိုကြာလာပြီး ဖုန်း အသစ် မကြာခဏ လဲစရာ မလိုတော့ပါဘူး။ ဈေးနှုန်း ပိုများလာတာဟာ တန်ဖိုးပိုတက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေးက ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
OnePlus 13 Series ကို နိုင်ငံတကာမှာ မကြာခင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ OnePlus 13 နဲ့ OnePlus 13R ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။ ကုမ္ပဏီဟာ ဒီဇင်ဘာလမှာ Snapdragon 8 Gen 3 ပါတဲ့ OnePlus Ace 3 ကို ကြေညာနိုင်ပါတယ်။ Ace 5 ဟာ OnePlus 13R ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်နိုင်ပါတယ်။
Ref : gizmochina