Samsung ဟာ နောက်နှစ်မှာ Galaxy S25 စမတ်ဖုန်း ၃ လုံး မဟုတ်ဘဲ ၄ လုံး ကြေညာနိုင်ပါတယ်။ တောင်ကိုရီးယားမှ သတင်းအရ Galaxy S25 Slim Version ၁ လုံး ပါလာမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရောင်းချမယ်လို့ သိရပါတယ်။ ဇန်နဝါရီလမှာ မူလ Galaxy S25, S25+ နဲ့ S25 Ultra တို့ကို ကြေညာမှာ ဖြစ်ပါတယ်။

Galaxy S25 Slim မှာ 6.7” Flat Screen ပါလာနိုင်ပြီး S25 Series အားလုံးထဲမှာ အပါးလွှာဆုံး ကိုယ်ထည်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ ISOCELL HP2 Sensor ပါတဲ့ 200MP Main ကင်မရာ ပါလာနိုင်ပါတယ်။

Galaxy S25 Slim to launch in late 2025 - Vietnam.vn

Galaxy S25 Slim ကို ကြေညာမယ့် နေ့ကို မသိရသေးပါဘူး။ တောင်ကိုရီးယားမှ Leakster တစ်ယောက်က ဧပြီလမှာ Galaxy S25 Slim ကို ကြေညာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ Samsung ဟာ နွေရာသီမှာ Galaxy Z Flip SE နဲ့ Galaxy Z Fold7 ၂ လုံးကို မိတ်ဆက်နိုင်ပါတယ်။ ဒါပေမယ့် ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Galaxy S25 Slim ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး ပါးလွှာတဲ့ ကိုယ်ထည်ကို အသားပေး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အကောင်းဆုံး Hardware တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena