ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ Wearable Electronics (အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်တဲ့ ကိရိယာ)တွေဟာ အလွန် ရေပန်းစားလာပါတယ်။ ဒါပေမယ့် သုတေသန ပညာရှင်တွေဟာ အဲဒီ ကိရိယာတွေကို စွမ်းအင် ထောက်ပံ့ပေးတဲ့ အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေနေရတုန်း ဖြစ်ပါတယ်။
သမားရိုးကျ ဘက်ထရီတွေဟာ လက်ရှိမှာ အသုံးအများဆုံး ဖြစ်ပေမယ့် ဆက်တိုက်သုံးနေရင် ဘက်ထရီအား အလွန် မခံပါဘူး။ နောက်ထပ် နည်းလမ်း တစ်ခုက ကြိုးမဲ့ အားသွင်း နည်းပညာ ဖြစ်ပေမယ့် ဒီ နည်းလမ်းမှာလည်း အကွာအဝေး ကန့်သတ်ချက် ရှိသလို နေရာတိုင်းမှာ အားမသွင်းနိုင်ပါဘူး။
အခုတော့ Binghamton တက္ကသိုလ်မှ ပါမောက္ခ Seokheun “Sean” Choi ၊ လက်ထောက် ပါမောက္ခ Anwar Elhadad နဲ့ PhD ကျောင်းသား Yang “Lexi” Gao တို့ဟာ လေထဲက ရေမှုန်ရေမွှားတွေကို ရယူကာ ရေအဖြစ် ဖန်တီးပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။
စက္ကူ အခြေပြု Wearable Device ဖြစ်ပြီး အီလက်ထရောနစ် ပစ္စည်းတွေအတွက် လေထဲကရတဲ့ ရေ ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီ ကိရိယာဟာ အီလက်ထရောနစ် ပစ္စည်းတွေအတွက် အချိန်ပြည့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့အတွက် တကူးတက အားသွင်းစရာတောင် မလိုတော့ပါဘူး။
အနာဂတ်မှာတော့ အဲဒီ နည်းပညာကို Wearable Device တွေမှာ ထည့်သွင်း အသုံးပြုလာနိုင်ပါတယ်။
Ref : Binghamton.edu