ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေး စနစ် အဖြစ် Hitachi Rail, Angel Trains နဲ့ TransPennine Express တို့ဟာ မကြာခင်က ဗြိတိန်ရဲ့ ပထမဆုံး ဘက်ထရီ ရထားကို စမ်းသပ်ပြေးဆွဲခဲ့ပါတယ်။
အင်္ဂလန် မြောက်ပိုင်းမှာ စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ပြီး ဘက်ထရီ ရထားဟာ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုနဲ့ ကုန်ကျစားရိတ် အပိုင်းမှာ ဒီဇယ် အင်ဂျင် ရထားတွေထက် စွမ်းရည်မြင့်မားပါတယ်။
Hitachi ရဲ့ ဘက်ထရီ ရထားကို ဂျပန်နဲ့ ဥရောပမှာ ခရီးသည် ပို့ဆောင်ရေးအတွက် အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဗြိတိန်မှာ စမ်းသပ်မောင်းနှင်တဲ့ ရထားမှာ 700 kW ဘက်ထရီ တပ်ဆင်ထားပြီး ၁ နာရီကို ၇၅ မိုင် ( ၁ နာရီကို ၁၂၀ ကီလိုမီတာ) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ ၄၃ မိုင် (၇၀ ကီလိုမီတာ) အထိ မောင်းနှင်နိုင်ပါတယ်။
ဘက်ထရီဟာ သမားရိုးကျ ဒီဇယ်အင်ဂျင်လောက်ပဲ အလေးချိန်ရှိပြီး ရထားအောက်မှာ ထည့်သွင်းထားနိုင်ပါတယ်။
စမ်းသပ်မောင်းနှင်တဲ့အခါမှာ ဘက်ထရီ ရထားဟာ လောင်စာဆီ ကုန်ကျမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
ဒီစနစ်ရဲ့ အဓိက ထူးခြားချက် တစ်ခုက “Eco-mode “ ဖြစ်ပါတယ်။ ဘက်ထရီဟာ တချို့လမ်းကြောင်းတွေကို အပြည့်အဝမောင်းနှင်ပေးနိုင်ပြီး ဒီဇယ်ဆီ ကုန်ကျမှုကို လျှော့ချပေးနိုင်သလို သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။
အဲဒီအတွက် ဗြိတိန်ရဲ့ ရထားသယ်ယူပို့ဆောင်ရေးမှာ ဘက်ထရီ ရထားတွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : interestingengineering