တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Caviar က Apple Vision Pro ရဲ့ ကမ္ဘာ့ ပထမဆုံး Custom Version ဖြစ်တဲ့ Oracle ကို မိတ်ဆက်လိုက်ပါတယ်။ Oracle မှာ အဆင့်မြင့်နည်းပညာတွေ ထည့်သွင်းထားသလို ၂၄ ကာရက် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာနဲ့ သားရေ တို့နဲ့ တည်ဆောက်ထားပါတယ်။ တန်ဖိုးအကြီးဆုံး မော်ဒယ်ဟာ သိန်း ၁,၃၀၀ ဝန်းကျင် ရှိပါတယ်။
Oracle မှာ Double Electroplated Technique ကို အသုံးပြုကာ ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားပါတယ်။ Caviar က ခန့်ညားမှုကို တိုးတက်စေတဲ့ Pattern တွေကို အသုံးပြုထားတယ်လို့ ပြောပါတယ်။ အနက်နဲ့ ငွေရောင်ကို ပေါင်းစပ် သုံးထားတဲ့အတွက် ဒီဇိုင်းက တစ်မူထူးခြားပါတယ်။
Light Seal နဲ့ 3D Audio Headphones ကို လက်ချုပ် သားရေနဲ့ ပတ်ထားပြီး တစ်မူထူးခြားတဲ့ အတွေ့အထိကို ခံစားရမှာပါ။ Head Cushion မှာ အနက်ရောင် သားရေကို အသုံးပြုထားပါတယ်။ Oracle မှာ သုံးထားတဲ့ သားရေကို မာကျောပြီး Luxury ဆန်အောင် နည်းပညာ အသုံးပြုကာ ဖန်တီးထားပါတယ်။
Oracle မှာ ဝယ်သူစိတ်ကြိုက် စာသား၊ Logo နဲ့ သင်္ကေတတွေ ထည့်သွင်းနိုင်တာက ထူးခြားပါတယ်။ Caviar က Oracle ကို ၄၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာပါ။ Storage ၃ မျိုးနဲ့ ရနိုင်ပြီး 256GB , 512GB နဲ့ 1TB ကို ၂၆,၇၀၀ ဒေါ်လာ၊ ၂၇,၇၀၀ ဒေါ်လာနဲ့ ၂၉,၅၆၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။
Ref : gizmochina