အိန္ဒိယ ရထားဌာနက နိုင်ငံရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင် ရထားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အစမှာ Haryana မှ Jind-Sonipat လမ်းမှာ စတင် စမ်းသပ် ပြေးဆွဲမှာ ဖြစ်ပါတယ်။ Tamil Nadu မှ Integral Coach Factory ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ရထားမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖို့ ဟိုက်ဒရိုဂျင် Fuel Cells ကို အသုံးပြုထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ ရေငွေ့ကိုပဲ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
ဒီနည်းပညာက အိန္ဒိယ အစိုးရရဲ့ ၂၀၃၀ ခုနှစ် အရောက်မှာ ကာဘွန် လုံးဝ မထုတ်လွှင့်တဲ့ ရည်မှန်းချက်ကို ထောက်ကူပေးမှာ ဖြစ်ပါတယ်။ ရထားတစ်စီးဟာ ဒေါ်လာ ၉ သန်း ကုန်ကျမှာ ဖြစ်ပြီး အခြေခံအဆောက်အဦးတွေ တည်ဆောက်ဖို့ နောက်ထပ် ရင်းနှီးမြှပ်နှံမှုတွေ လိုအပ်ပါတယ်။ အိန္ဒိယ ရထားဌာနက ဟိုက်ဒရိုဂျင် အခြေပြု Maintenance ယာဉ်တွေကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး လက်ရှိရထားတွေမှာ ဟိုက်ဒရိုဂျင် Fuel Cells တွေကို ထည့်သွင်းမှာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင် ရထား စမ်းသပ်ပြေးဆွဲမှုကို ဂျာမနီရဲ့ TUV-SUD က ထောက်ပံ့ပေးမှာ ဖြစ်ပြီး အိန္ဒိယ တလွှားမှာ ဟိုက်ဒရိုဂျင် ရထား လမ်းတွေ ပိုမို များပြားလာမှာပါ။ ရေရှည်ရည်မှန်းချက်က သန့်ရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ဖန်တီးဖို့ ဖြစ်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချဖို့ ဖြစ်ပါတယ်။ ဒီစီမံကိန်းအောင်မြင်ရင် ၂၀၂၅ ခုနှစ်မှာ အိန္ဒိယ နိုင်ငံအဝန်းမှာ ဟိုက်ဒရိုဂျင် ရထားနည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။
Ref: Tech Explorers