Meta က AI နည်းပညာအတွက် နယူးကလီးယား စွမ်းအင်ကို အသုံးပြုဖို့ စီစဉ်နေပြီး နယူးကလီးယား စွမ်းအင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ပူးပေါင်းဖို့ ကမ်းလှမ်းထားပါတယ်။

Vector illustration of the Meta logo.

နည်းပညာ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ ဒေတာ စင်တာတွေအတွက် နယူးကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားလာကြပါတယ်။ AI Tools အသစ်တွေ ဖန်တီးရတာ စွမ်းအင် များစွာ ကုန်ဆုံးပြီး ဆီလီကွန်တောင်ကြားရဲ့ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုမယ့် ရည်ရွယ်ချက်ကို အဟန့်အတား ဖြစ်စေပါတယ်။

အဲဒီအတွက် နည်းပညာ ကုမ္ပဏီတွေက နယူးကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။ အခုတော့ Meta ဟာ နယူးကလီးယား ဓါတ်ပေါင်းဖိုတွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ Amazon , Microsoft နဲ့ Google တို့ လမ်းစဉ်ကို လိုက်လာပါပြီ။

Meta announces new AI data center, to be fueled by nuclear energy

နယူးကလီးယား စွမ်းအင် ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ တည်ဆောက်ရတာ လွယ်ကူပြီး ကုန်ကျစားရိတ် သက်သာစေတဲ့ Small Modular Reactors (SMRs) လို့ ခေါ်တဲ့ နောက်မျိုးဆက် နည်းပညာကို ဖန်တီးနေကြပါတယ်။ အဲဒီ အဆင့်မြင့် ဓါတ်ပေါင်းဖိုတွေကို ၂၀၃၀ ခုနှစ်လောက်ကျမှ တည်ဆောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Meta က “ SMRs နဲ့ ကြီးမားတဲ့ ဓါတ်ပေါင်းဖို နှစ်ခုစလုံးကို စိတ်ဝင်စားပြီး အဲဒီ ဓါတ်ပေါင်းဖိုတွေကို တည်ဆောက်နိုင်တဲ့ ကုမ္ပဏီတွေကို ရှာဖွေနေပါတယ်။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ၂၀၃၀ ခုနှစ် အစောပိုင်းမှာ အမေရိကန်မှာ နယူးကလီးယား ကနေ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင် 1-4 Gigawatts ရရှိဖို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref: The Verge