တရုတ် နဲ့ အမေရိကန် ရဲ့ နည်းပညာ စစ်ပွဲက အရှိန်အဟုန် မြင့်သထက်မြင့်လာပါပြီ။ အမေရိကန်က အဆင့်မြင့် Chip တွေ မထုတ်နိုင်အောင် တရုတ်ကို ပိုမို တင်းကြပ်လိုက်ပြီး နောက်တစ်နေ့မှာပဲ တရုတ်က Semiconductor ထုတ်လုပ်ရာမှာ သုံးတဲ့ အဓိက ဒြပ်ထု တချို့ကို အမေရိကန်ကို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။

China | DAVID NELSON, CFA

ပိတ်ပင်လိုက်တဲ့ ဒြပ်ထုတွေထဲမှာ Metals Gallium , Antimony နဲ့ Germanium တို့ ပါဝင်ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံ လုံခြုံရေးအတွက် အခုလို ပိတ်ပင်တာလို့ ပြောပါတယ်။ Semiconductor ရဲ့ နောက်ထပ် အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ Graphite ရောင်းချတာကိုလည်း ကန့်သတ်မယ်လို့ ပြောပါတယ်။

Gallium နဲ့ Germanium ကို Semiconductor မှာ အသုံးပြုကြပြီး Germanium ကို အနီအောက်ရောင်ခြည် နည်းပညာ ၊ Fibre Optic Cables နဲ့ Solar Cells မှာလည်း သုံးကြပါတယ်။ Antimony ကို ကျည်ဆန်နဲ့ လက်နက်တွေမှာ သုံးကြပြီး Graphite ကို လျှပ်စစ်ကား ဘက်ထရီတွေမှာ အများဆုံး သုံးကြပါတယ်။

CNA Explains: Why chips are an increasingly prominent issue in US-China tensions - CNA

တရုတ်ဟာ တစ်ကမ္ဘာလုံးမှာ Gallium ထုတ်လုပ်မှု ၉၄ ရာခိုင်နှုန်းနဲ့ Germanium ထုတ်လုပ်မှု ၈၃ ရာခိုင်နှုန်း ရှိပါတယ်။

ကမ္ဘာ့ စူပါပါဝါ နိုင်ငံကြီး ၂ ခု ဖြစ်တဲ့ တရုတ် နဲ့ အမေရိကန် တို့ဟာ ကုန်သွယ်ရေး စစ်ပွဲကို ဆင်နွှဲနေပြီး အခုတော့ နည်းပညာ စစ်ပွဲဟာ အရှိန်အဟုန် မြင့်မားလာပါပြီ။ အဲဒီ နိုင်ငံကြီး ၂ ခုရဲ့ နည်းပညာ စစ်ပွဲဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ကို ရောက်လာပါပြီ။

Ref: theguardian