တရုတ် နိုင်ငငံ Hunan ပြည်နယ်မှ Zhuzhou မှာ ကမ္ဘာ့ ပထမဆုံး ပြေးလမ်း မလိုတဲ့ ရထားကို ပြေးဆွဲလိုက်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး ရထား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ CRRC Corporation က ထုတ်လုပ်ထားတာ ဖြစ်ပြီး Autonomous Rail Rapid Transit or ART လို့ နာမည်ပေးထားပါတယ်။
ART ဟာ ဆန်ဆာ နည်းပညာနဲ့ မောင်းနှင်ပြီး လမ်းပေါ်မှာ ရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်း မောင်းနှင်တာ ဖြစ်ပါတယ်။ အစပိုင်းမှာ ရထားတွဲ ၃ တွဲကို သယ်ဆောင်နိုင်ပြီး နောက်ပိုင်းမှာ ရထားတွဲ ၅ တွဲအထိ ပိုမို သယ်ဆောင်နိုင်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ရထားမှာ ခေတ်ပေါ် Facility တွေ ထည့်သွင်းထားပါတယ်။
ရထားကို နှစ်ပေါင်း ၂၅ နှစ်အထိ အသုံးပြုနိုင်မယ်လို့ တွက်ချက်ထားပါတယ်။ ရထား အရှည်ဟာ ၃၂ မီတာ ရှိပြီး ခရီးသည် ၃၀၀ ကို သယ်ဆောင်နိုင်ပါတယ်။ လျှပ်စစ် စွမ်းအင်နဲ့ မောင်းနှင်တာ ဖြစ်ပြီး ၁၀ မိနစ်အားသွင်းရင် ၂၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ တစ်နာရီကို ၇၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
ရထားမှာ အရှေ့နဲ့ အနောက် ခေါင်းတွဲ စနစ် ထည့်သွင်းထားတဲ့အတွက် “ဂ” ကွေ့ ကွေ့စရာ မလိုပါဘူး။ လူဦးရေ ၄ သန်းနီးပါး ရှိတဲ့ Zhuzhou မြို့အတွက် ဒီရထားဟာ အလွန်ကို အသုံးဝင်လာပါတယ်။
Ref : Engineering & Science