အမေရိကန် အခြေစိုက် ဒရုန်း ကုမ္ပဏီ Sky Elements ဟာ ကမ္ဘာ့အကြီးမားဆုံး ဒရုန်း Light Show တစ်ခုနဲ့ လူမှုကွန်ရက် သုံးသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒီပွဲကို တက္ကဆပ် ပြည်နယ်၊ Mansfield မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဒရုန်း ၅,၀၀၀ ကို အသုံးပြုကာ ခရစ်စမတ်နဲ့ ဆန်တာကလော့စ်ကို ပုံဖော်ခဲ့ကြပါတယ်။

 

အဲဒီ ဖျော်ဖြေမှုဟာ ဂင်းနစ်ကမ္ဘာ့ စံချိန်အသစ်ကို ရရှိသွားပြီး အရင်တစ်ပတ်ကပဲ ပူပူနွေးနွေး စံချိန်တင်ထားတဲ့ ဒရုန်း ၂,၅၀၀ ဖျော်ဖြေမှုထက် သာလွန်သွားပါတယ်။

5,000 Drones Light Up the Sky as Santa! 🎅✨ | Epic Christmas Drone Show" #shorts #ytshorts - YouTube

အဲဒီပွဲကို Sky Elements နဲ့ ဒရုန်း နည်းပညာ ကုမ္ပဏီ UVify တို့ ပူးပေါင်း ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပြပွဲမှာ ကြီးမားတဲ့ သမင် နှစ်ကောင် ဆွဲတဲ့ စွပ်ဖားလှည်းကို စီးနေတဲ့ ဆန်တာကလော့စ်ကို ပုံဖော်ထားပါတယ်။ တိကျတဲ့ နည်းပညာကြောင့် ဒရုန်းတွေဟာ လေထဲမှာ လျှင်မြန်စွာပဲ ပုံရိပ်တွေကို ဖော်နိုင်ခဲ့ကြပါတယ်။ ခရစ်စမတ် လက်ဆောင်တွေ အပြည့်နဲ့ စွပ်ဖားလှည်းထဲကနေ ဆန်တာကလော့စ်က လက်ဝှေ့ယမ်းပြသလိုက်ချိန်မှာ ပရိတ်သတ်တွေ ပွဲကျသွားခဲ့ပါတယ်။

အဲဒီ ဗီဒီယိုကို အွန်လိုင်းပေါ်တင်လိုက်ကတည်းက နာမည်ကြီးသွားခဲ့ပြီး အင်စတာဂရမ် တစ်ခုထဲမှာတင် ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၉၈ သန်းကျော်နဲ့ Like ၅.၅ သန်းကို လျှင်မြန်စွာ ရသွားပါတယ်။

Ref : Hindustantimes