သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေက Device တွေကို နှစ်ထောင်ပေါင်းများစွာ စွမ်းအင် ပံ့ပိုးပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပါတယ်။
UK Atomic Energy Authority (UKAEA) နဲ့ University of Bristol တို့ ပူးပေါင်းပြီး ကာဘွန် -၁၄ စိန် ဘက်ထရီကို တီထွင်လိုက်တာ ဖြစ်ပါတယ်။ ပညာရှင်တွေက လူ့ခန္တာကိုယ်ထဲမှာ စက်တွေ ထည့်သွင်းပြီး ကုသထားတဲ့ လူတွေအတွက် ဒီဘက်ထရီက အလွန်အသုံးဝင်မယ်လို့ ပြောပါတယ်။ ဘက်ထရီဟာ နှစ်ပေါင်းများစွာ စွမ်းအင် ထုတ်ပေးနိုင်တဲ့အတွက် လူသားတွေ မကြာခဏ ခွဲစိတ်ကာ ဘက်ထရီ လဲစရာ မလိုတော့ပါဘူး။
ဘက်ထရီမှာ နှစ်ပေါင်း ၅,၇၀၀ သက်တမ်းရှိတဲ့ ကာဘွန်ရဲ့ ရေဒီယို သတ္တိကြွ အိုင်စိုတုပ် ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် နှစ်ထောင်ပေါင်းများစွာ အသုံးခံပါတယ်။ ဘက်ထရီ အရွယ်အစားက အလျား၊ အနံ ၁၀ မီလီမီတာနဲ့ အထူက ၀.၅ မီလီမီတာပဲ ရှိပါတယ်။ ကမ္ဘာမှာ အမာကျောဆုံး ဒြပ်ထု ဖြစ်တဲ့ စိန်ထဲမှာ ထည့်သွင်းထားတဲ့အတွက် ရေဒီယိုလှိုင်းတွေ မထွက်သွားအောင် ကာကွယ်ပေးထားပါတယ်။
အဲဒီ ဘက်ထရီကို သာမာန် ဘက်ထရီတွေနဲ့ အဆင်မပြေတဲ့ အာကာသ စူးစမ်းလေ့လာရေးမှာလည်း အသုံးချနိုင်ပါတယ်။ အာကာသယာဉ်နဲ့ ဂြိုလ်တုတွေကို နှစ်ပေါင်းများစွာ စွမ်းအင် ပံ့ပိုးပေးနိုင်ပါတယ်။
Ref : bbc