realme က Mediatek 6300 Chipset ပါတဲ့ 14x ကို ကြေညာလိုက်ပါတယ်၊ အဲဒီဖုန်းဟာ တရုတ်က realme V60 Pro ရဲ့ နိုင်ငံတကာ မော်ဒယ်ဖြစ်ပါတယ်။
realme 14x မှာ 6.67” LCD HD+ Display သုံးထားပြီး 120Hz Refresh Rate ပါပါတယ်။ Punch Hole မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP OmniVision Sensor နဲ့ Auxiliary Sensor ထည့်သွင်းထားပါတယ်။
Dimensity 6300 Chipset မောင်းနှင်ထားပြီး 6GB or 8GB RAM နဲ့ 128GB Storage ပါပါတယ်။ IP69 ရေစိုခံစံနှုန်းနဲ့ MIL-STD-810H အကြမ်းခံစံနှုန်း ပါလာပါတယ်။ ဖုန်းကို ရေထဲမှာ အသုံးပြုပြီးနောက်မှာ စပီကာထဲကို ရေမဝင်အောင် ကာကွယ်ပေးတဲ့ SonicWave Water Ejection Feature ထည့်သွင်းထားပါတယ်။
realme 14x ရဲ့အထူက ၈ မီလီမီတာအောက်ပဲ ရှိပြီး 45W SuperVOOC Wired Charging ပါတဲ့ 6,000mAh Battery ပါပါတယ်။ ကုမ္ပဏီက ၄ နှစ်သုံးပြီးရင်တောင် ဘက်ထရီက ၈၀ ရာခိုင်နှုန်း ကျန်သေးတယ်လို့ ပြောပါတယ်။ ဖုန်းမှာ 5W Reverse Wired Charging လည်း ပါပါတယ်။ Android 14 အခြေပြု realme UI 5.0 ထည့်သွင်းထားပြီး Android Version Update ၂ ခု ရမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
Jewel Red, Crystal Black နဲ့ Golden Glow အရောင် ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena