AI Startup တစ်ခု ဖြစ်တဲ့ Artisan ဟာ ဆန်ဖရန်စစ္စကိုမှာ လူသားတွေကို ဝန်ထမ်း မခန့်ဖို့ လှုံ့ဆော်ထားတဲ့ ကြော်ငြာ Billboard တွေကို ပြုလုပ်ထားပြီး ကုမ္ပဏီရဲ့ Artisan အမည်ရ AI Sales Agent အပါအဝင် AI ဝန်ဆောင်မှုတွေကို ကြော်ငြာထားပါတယ်။ ဒီကြော်ငြာဟာ လူသားတွေ အလုပ်အကိုင် ရှားပါးအောင် လှုံ့ဆော်နေတာ ဖြစ်ပြီး ဝေဖန်မှုများစွာ ခံနေရပါတယ်။

Artisan | About

အွန်လိုင်းမှာ အဲဒီကြော်ငြာကို လူများစွာက ဝေဖန်နေကြပါတယ်။ Ava အမည်ရ AI လက်ထောက်ပါတဲ့ ကြော်ငြာဟာ လူသား အလုပ်အကိုင်အတွက် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောနေကြပါတယ်။

Artisan | About

ဝေဖန်မှုမြင့်မားနေပေမယ့် Artisan CEO Jaspar Carmichael-Jack က ကြော်ငြာမှာ လူသားတွေကို ထိခိုက်စေတဲ့ သဘောမျိုး ပါနေပေမယ့် Brand Awareness ရအောင် လှုံ့ဆော်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီကြော်ငြာဟာ လူတွေရဲ့ အာရုံစိုက်မှု ရနေပြီး နည်းပညာ ကုမ္ပဏီတွေနဲ့ လူသား လုပ်အားစုတွေအကြားမှာ တင်းမာမှု ပိုများလာနေပါတယ်။

AI ဟာ လူသားတွေရဲ့ ဘဝတွေကို များစွာ တိုးတက်ပြောင်းလဲစေနိုင်သလို AI ကြောင့် လူသားတွေ အလုပ်အကိုင် ရှားပါးသွားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။

Ref : Tech Explorers