Gameto ရဲ့ သန္ဓေတည်တဲ့ နည်းပညာ အသစ် ဖြစ်တဲ့ Fertilo ဟာ လူ့ခန္တာကိုယ် ပြင်ပမှာ သန္ဓေတည်ပြီး ကလေး မွေးဖွားပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်ပါတယ်။

Gameto Announces World's First Live Birth Using Fertilo Procedure that  Matures Eggs Outside the Body | Business Wire

Fertilo ဟာ သမားရိုးကျ IVF နည်းလမ်းထက် သန္ဓေတည်တဲ့အခါ ပိုမို မြန်ဆန်ပြီး ဘေးကင်းလုံခြုံပါတယ်။ ဟော်မုန်းဆေး ထိုးသွင်းရတာကို ၈၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ IVF နည်းလမ်းကတော့ လူ့ခန္တာကိုယ် ပြင်ပမှာ သန္ဓေတည်ပြီး အမျိုးသမီး သားအိမ်ထဲကို သန္ဓေသားကို ပြန်လည်ထိုးသွင်းတာ ဖြစ်ပါတယ်။

Gameto Announces World's First Live Birth Using Fertilo Procedure that  Matures Eggs Outside the Body | Business Wire

Fertilo နည်းပညာကို အသုံးပြုပြီး ပီရူး နိုင်ငံ လီမာမှာ ပထမဆုံး ကလေးကို မွေးဖွားပေးခဲ့ပါတယ်။ မကြာခင်မှာ ဩစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်မှာ Fertilo နည်းပညာနဲ့ ကလေးမွေးဖွားနိုင်အောင် တိုးချဲ့မှာ ဖြစ်ပါတယ်။ ဒီနည်းပညာမှာ ပင်မ ဆဲလ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

နည်းပညာ တိုးတက်မြင့်မားလာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ နည်းပညာတွေလည်း ထွက်ပေါ်လာပါတယ်။ သမားရိုးကျ နည်းလမ်းအတိုင်း သန္ဓေတည်ဖို့ ခက်ခဲနေတဲ့ အိမ်ထောင်သည်တွေအတွက် Fertilo နည်းပညာဟာ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။

Ref : Tech Explorers