လူသတ်သမားတွေက လူသေအလောင်းကို ကား အနောက်ခန်းထဲ ထည့်နေတဲ့ ပုံရိပ်တွေကို Google Street View မှာ ရဲတွေက တွေ့ရှိပြီးနောက်မှာ လူသတ်သမားတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီ လူသေ အလောင်းဟာ ပြီးခဲ့တဲ့နှစ်မှာ စပိန်နိုင်ငံ ဆိုရီရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကျူးဘား နိုင်ငံသား အမျိုးသား တစ်ယောက် ဖြစ်နိုင်ပါတယ်။
ဒီနှစ် အစောပိုင်းမှာ ရဲတွေက အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ လူသေအလောင်းကို တွေ့ခဲ့ပြီး လူ ၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေက Google Street View မှ ဓါတ်ပုံတွေကနေ လူသတ်သမားတွေကို ခြေရာခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
လူသတ်သမားတွေက အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား တစ်ယောက် ဖြစ်ပြီး အဲဒီအမျိုးသမီးဟာ သေဆုံးသူရဲ့ ဇနီး ဖြစ်ပါတယ်။ သူမဟာ တရားခံ အမျိုးသားနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး ခင်ပွန်းကို ပူးပေါင်း သတ်ခဲ့တာ ဖြစ်ပါတယ်။
Google Maps ဟာ လူသားတွေရဲ့ နေ့စဉ်ဘဝတွေကို ကူညီပေးနိုင်ရုံသာမက ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးနိုင်ပါတယ်။ တရားခံတွေကို ဖမ်းဆီးရာမှာလည်း ရဲတွေကို ကူညီပေးနိုင်ပါတယ်။
Ref : Tech Explorers